အိနိ္ဒယ လယ်သမားများ၏ ထူးဆန်းသည့် မိုးဆုတောင်း

alt

မိုးခေါင်ခြင်းကြောင့် စိတ်ညစ်နေသော အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဒေသမှ လယ်သမား များသည် မုတ်သုံမိုး ရွာသွန်း စေရန် ဆုတောင်းသည့် အနေဖြင့် ၎င်းတို့၏ အပျိုစင်

သမီးများအား ပက်ကြား အက်နေသည့် လယ်ကွင်းများ အတွင်း ကိုယ်လုံးတီးဖြင့် ပျိုးကြဲ ခဲ့စေကြောင်း သိရှိရသည်။

ထို အပြုအမူသည် ရာသီဥတုအား စောင့်ရှောက်သည့် နတ်များကို ပူဇော်မှု တမျိုး အဖြစ်လည်း လယ်သမားများက ယူဆနေကြသည်။ မျက်မြင် အတော်များများသည် နေပူထဲတွင် ကိုယ်လုံးတီးဖြင့် ပျိုးကြဲနေသည့် မိန်းမပျို အတော်များများကို ဘီဟာပြည်နယ် အတွင်းရှိ လယ်ကွင်းများတွင် ပြီးခဲ့သည့် သီတင်းပါတ်က တွေ့ရှိ ခဲ့ကြသည်။

လယ်သမား များသည် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ရှေးဟောင်း နတ်ဘုရား တို့ကို လှုံ့ဆော် နိုင်မည်ဟု မျှော်လင့် ယုံကြည် နေကြသည်။ ကျေးရွာ ကောင်စီ အကြီးအကဲ တဦးဖြစ်သည် အူပန်ဒရာ ကူမား က ရွာသားများ အားလုံးသည် ယခု မိုးခေါင်ခြင်းမှာ နတ်ဘုရားတို့ ဆိုးဆိုးရွားရွား အလို မကျမှုကြောင့် ဖြစ်ရသည်ဟု ယုံကြည်နေကြောင်း အတည်ပြုခဲ့သည်။

အိန္ဒိယရှိ ဒေသအချို့သည် မိုးခေါင်မှု ပြဿနာကို အကြီးအကျယ် ခံစားခဲ့ရပြီး အချို့နေရာများတွင် ဆယ်စုနှစ် (၈)ခုနှစ်မျှ မုတ်သုံမိုး မရွာမှုကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုကို ကြံုတွေ့ နေကြဆဲ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here