ချဲလ်ဆီး အတွက်သာ အာရုံ စိုက်ထားကြောင်း တယ်ရီ ပြောကြား

alt

၎င်း၏ အနာဂတ်ကို တိတိကျကျ မပြောနိုင်သေး သော်လည်း လက်ရှိ အချိန်တွင် ချဲလ်ဆီး အတွက်သာ အာရုံ စိုက်ထားကြောင်း ဂျွန်တယ်ရီက ပြောကြား လိုက်သည်။

ချဲလ်ဆီး နှင့် အင်္ဂလန် အသင်းတို့၏ ကပ္ပတိန်သည် ၎င်းအနေနှင့် မန်ချက်စတာ စီးတီးသို့ ပြောင်းရွှေ့ နိုင်သည်ဆိုသော သတင်းများအား ငြင်းဆန်ခြင်း မရှိသေးဘဲ ဇူလိုင်လ (၂၆)ရက် နေ့တွင် ကျင်းပသော World Football Challenge ပြိုင်ပွဲတွင် ကလပ် အမေရိက အား ချဲလ်ဆီးက (၂)ဂိုးပြတ် အနိုင်ယူပြီးနောက် ယခု စကားကို ပြောဆို သွားခြင်းဖြစ်သည်။

အသက် (၂၈)နှစ်ရှိ တယ်ရီ အား စီးတီးက တပါတ်လုပ်ခ ပေါင်စတာလင် (၁)သန်း အထိ ပေးသွားရန် အသင့်ရှိကြောင်း လေသံ ပစ်ပြီးနောက် တယ်ရီ ကိုယ်တိုင်က စီးတီးနှင့် ဆွေးနွေးရန် ဆန္ဒရှိနေသည်။

ချဲလ်ဆီး အမှုဆောင် ပီတာကင်ယွန် ကမူ တယ်ရီအား ဆက်လက် ထိန်းသိမ်းထားရေး အသည်းအသန် ကြိုးပမ်းနေပြီး တယ်ရီ အတွက် ဘယ်ဈေးပေးပေး မရောင်းနိုင်ကြောင်း ငြင်းဆန်ထားသည့်တိုင် ကစားသမား ကိုယ်တိုင် ကမူ ယိမ်းယိုင် နေပြီဖြစ်သည်။

ယခု အခြေအနေတွင် မည်သည့် ထင်မြင်ချက်မှ မပေးလိုကြောင်း၊ ၎င်းအနေနှင့် ချဲလ်ဆီး ဂျာစီကို ဝတ်ထားစဉ် ချဲလ်ဆီး အကြောင်းကိုသာ စဉ်းစားမည် ဖြစ်ကြောင်း တယ်ရီက ဆိုသည်။ သတင်းများ အရ ယူအေအီး နိုင်ငံ စော်ဘွားများ ပိုင်ဆိုင်သော စီးတီး အသင်းသည် တယ်ရီ အတွက် ပေါင်သန်း(၅၀) ပေးရန် အဆင်သင့် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here