အဒိုဘီ Flash Player နှင့် PDF ဖိုင်များအား Hacker တို့ အသုံးချနေ

alt

Adobe ၏ Flash Player များနှင့် PDF များတွင် ရှိနေသော လုံခြံုရေး ယိုပေါက် များသည် ဆိုင်ဘာ ရာဇဝတ်သားများ အတွက် အခွင့်ကောင်း ယူရန် အကောင်းဆုံး ပစ်မှတ်များ

ဖြစ်နေကြောင်း လေ့လာမှု အသစ်များက ထပ်မံ အတည်ပြုခဲ့သည်။

ဇူလိုင်လ အစောပိုင်းမှ စတင်ပြီး email များတွင် PDF များဖြင့် ပေးပို့ခြင်း၊ Flash ဗီဒီယိုများ Attach နှင့် တွဲစပ် ပေးပို့ခြင်းတို့မှ Hack လုပ်ခြင်း ခံရမှု တိုးပွား လာခြင်းအား လေ့လာခဲ့ရာ ယခုပြဿနာကို အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။

Hacker များသည် Flash ဗီဒီယိုများ ပြသထားသည့် ၀ဘ်ဆိုဒ်များကိုပါ ထို ဗီဒီယိုမှတဆင့် ထိုးဖောက် နိုင်ခဲ့ကြသည်။ ထို ဗီဒီယိုများကို User များက လက်ဆင့်ကမ်း သည့်အခါ အဖျက်သမားများ၏ လုပ်ငန်းများသည် ပိုမိုတွင်ကျယ် လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် အခွင့်အလန်း အောင်မြင်လာခဲ့သည်။

ဆိုင်ဘာ ရာဇဝတ်သား များသည် bot ဟု အမည်ပေးထားသော Adobe ၏ ဟာ ကွက်မှတဆင့် PC များအထိ ပြန့်နှံ့ ရောက်ရှိကာ ကိုယ်ရေး အချက်အလက် အမြောက်အမြားကို ခိုးယူနိုင်ခဲ့သည်။ Adobe ၏ လုံခြံုရေး ယိုပေါက်မှ တဆင့် ငွေကြေး အခြေအနေနှင့် အခြားသော ဘဏ် စာရင်းများကိုပါ ခိုးယူခံရခြင်းများ ရှိခဲ့သည်။

ထို့အပြင် Hacker များသည် အတုအယောင် Antivirus Software များအသွင် ဟန်ဆောင်ပြီး ထိုးဖောက်ခြင်း များလည်း ရှိနေခဲ့သည်။ သို့သော်လည်း ဇူလိုင်လ (၂၄)ရက် နေ့က Adobe သည် လုံခြံုရေး Patch တခုကို အရေးတကြီး ထုတ်ပေးခဲ့ပြီးနောက် တိုက်ခိုက်မှုများ အတန်အသင့် အရေအတွက် လျော့ကျသွားကြောင်း Adobe ၏ အကြီးတန်း ဒုတိယ-ဥက္ကဌ တဦးဖြစ်သူ ရော့တာကော့ က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here