ဟယ်ရီပေါ်တာ စာရေးဆရာမအား အီမာဝပ်ဆန် အလွန်ကျေးဇူးတင်

alt

အမ်မာဝတ်ဆန် က Harry Potter ဇာတ်လမ်းများကို ရေးသားခဲ့သည့် စာရေးဆရာမ ဂျေကေရိုးလင်း အား အလွန် ကျေးဇူးတင်မိကြောင်း ပြောကြား သွားခဲ့သည်။

အသက် (၁၉)နှစ် ရှိပြီ ဖြစ်သော ဗြိတိသျှ အလှမယ် ကလေးသည် ထို ဇာတ်လမ်းများကို ရုပ်ရှင် ရိုက်ကူးရာတွင် မှော်ကဝေ မလေး ဟယ်မီရွန် ဂရန်ဂျာ အဖြစ် သရုပ်ဆောင်ခွင့် ရရှိခဲ့ပြီး နောက် အလွန်ကျော်ကြား အောင်မြင် လာခဲ့သည်။

Harry Potter ဇာတ်လမ်းများသည် သူမ ဘဝကို အကြီးအကျယ် ပြောင်းလဲ စေခဲ့ကြောင်း သရုပ်ဆောင် ကြေးများဖြင့် ငယ်ငယ်ရွယ်ရွယ် သန်းကြွယ် သူဌေးမ ဖြစ်နေသူလေးက ဆိုသည်။ အမ်မာ က ရိုးလင်းသည် ကလေးများ၏ စိတ်ကူး စိတ်သန်းကို သိမ်းသွင်း နိုင်ခဲ့ကြောင်း၊ Harry Potter ဇာတ်လမ်းများကို သူမ ငယ်စဉ်မှ ယခု အချိန်ထိ နှစ်သက် စွဲလန်းနေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

ထို့အပြင် ရိုးလင်းသည် ချစ်ခင် နှစ်လိုဖွယ် ကောင်းသူဟုလည်း အမ်မာက သုံးသပ်ခဲ့သည်။ သူမ၏ ဘဝတွင် Harry Potter ဇာတ်လမ်းများနှင့် စပ်ဆက်ခွင့် မရခဲ့ပါက ယခုတိုင် လစ်ဟာမှုကြီး တခု ရှိနေသည်ဟု ခံစားရမည် ထင်ကြောင်း၊ ထို့အတွက် ရိုးလင်း အား ပြောမပြတတ်အောင် ကျေးဇူးတင်မိကြောင်း အမ်မာက ထုတ်ဖော် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here