အမေရိကန်တွင် ကားမောင်းစဉ် မိုဘိုင်းဖုန်း သုံးခြင်းကြောင့် ထိခိုက် အန္တရာယ်မြင့်တက်

alt

အမေရိကန် နိုင်ငံတွင် ကားမောင်းစဉ် မိုဘိုင်းလ် ဖုန်းသုံးခြင်းကြောင့် ထိခိုက် အန္တရာယ် ဖြစ်ရခြင်းသည် တစထက် တစ မြင့်တက် လာနေကြောင်း သိရှိရသည်။

အာဏာပိုင်များ အနေနှင့် ထိုအပြုအမူကို (၂၀၀၃) ခုနှစ်မှ စတင်ပြီး တရားဝင် တားမြစ် ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများမှ စကာ အခြေအနေသည် တစထက် တစ ဆိုးလာ နေဆဲဖြစ်သည်။

အမျိုးသား အဝေးပြေး လမ်းမ လုံခြံု ဘေးကင်းရေး အုပ်ချုပ်မှု အဖွဲ့သည် စစ်တမ်းများ စနစ်တကျ ပြုစုခဲ့ရာ အမေရိကန်၏ မည်သည့် ပြည်နယ်ကမှ အဆိုပါ ကိစ္စအတွက် ဥပဒေအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်နေခြင်း မရှိကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ယခုအခါ ဖုန်းပြောနေရင်း အာရုံ လွင့်သွားသဖြင့် သေဆုံးရသည့် အမေရိကန် ပြည်သူ အရေအတွက်သည် စိုးရိမ်စရာ ဖြစ်ရလောက်အောက် မြင့်တက် လာနေကြောင်း အမျိုးသား မော်တော်ယာဉ် လုံခြံုရေး အေဂျင်စီမှ အမှုဆောင် ဒါရိုက်တာ ကလဲရင့်ဒစ်လို က ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများ အနေနှင့်လည်း လိုအပ်ချက်နှင့် လျော်ညီစွာ ကြပ်မတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးမှု ကလည်း ပြဿနာကို အဖြေမဲ့ နေစေကြောင်း ဒစ်လိုက ဝန်ခံခဲ့သည်။ ယခုအခါ အေဂျင်စီသည် Hand-free နည်းပညာကို အသုံးပြုကာ မော်တော်ယာဉ် မောင်းနှင် သူများသည် မိုဘိုင်းလ် ဖုန်းပြောရင်း အာရုံခေတ္တ လွင့်ပြန့် သွားသကဲ့သို့ ဆိုးကျိုးများ ထင်ထင်ရှားရှား ရှိမရှိ ဆက်လက် လေ့လာနေကြောင်း ဒစ်လို က ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here