ဂျွန်ထရာဗိုတာ အတွက် မိတ်ဆွေများ စိတ်ပူနေကြ

alt

သားဖြစ်သူ အတွက် အကြီးအကျယ် ပူဆွေးသောက ရောက်နေဆဲ ဖြစ်သည့် ဟောလီးဝုဒ် မင်းသား ဂျွန်ထရာဗိုတာ အတွက် မိတ်ဆွေများက စိတ်ပူ နေကြောင်း သိရှိ ရသည်။

ဂျွန်သည် ပြီးခဲ့သည့် (၆)လ ခန့်က မတော်တဆ ကွယ်လွန်ခဲ့ရှာသည့် သား ဖြစ်သူ ဂျက်ကြောင့် ညများတွင် အိပ်မပျော်ဖြစ်ကာ ကျန်းမာရေး ထိခိုက် လာနေသည်ဟု ဆိုသည်။

ဂျွန်သည် ၎င်းနေထိုင်သော ဖလော်ရီဒါ စံအိမ်တွင် တခါတရံ ညကြီးမင်းကြီး တကိုယ်တည်း ဂေါက်ကွင်း သုံး ကားလေးကို လျှောက်မောင်း နေတတ် ကြောင်း မိတ်ဆွေများက ဆိုသည်။ ဂျွန်အနေနှင့် ၎င်း၏ ဆယ်ကျော်သက် အရွယ် သားငယ်ကို ဆုံးရှုံးရခြင်း အတွက် ယခုတိုင် ဖြေမဆည် နိုင်ရှာပါဟု ၎င်း၏ အိမ်နီးချင်း တဦးက ဆိုသည်။

ညဘက်တွင် ခြံထဲ၌ လုပ်မိလုပ်ရာ သဘောမျိုးဖြင့် ကားငယ်လေးအား လျှောက်မောင်း နေသည့် ဂျွန်သည် သနားစရာပင် ကောင်းနေကြောင်း ထို အိမ်နီးချင်း အမျိုးသမီးက ဆိုသည်။

ထို့အပြင် ဂျွန်သည် ဘုရားသခင်ကို အလွန် ယုံကြည်ခဲ့ရာမှ သားဖြစ်သူ ရုတ်တရက် ကွယ်လွန်ခြင်းနှင့် အတူ အလွန်တုန်လှုပ် ခြောက်ခြားပြီး ဘာသာရေး အပေါ်တွင် ကိုင်းရှိုင်းမှု မရှိတော့ကြောင်း ကောလဟာလ များလည်း ထွက်ပေါ်နေခဲ့သည်။

ဂျက် ကွယ်လွန်ပြီးနောက် ဂျွန်နှင့် ဇနီးသည် ကယ်လီ တို့တွင် (၉)နှစ်အရွယ် သမီးလေး အီလာ ဘဲလ်လူး သာကျန်ရှိ တော့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here