ဗစ်တိုးရီးယား ဘက်ခမ်း အမေရိကန်တွင် ဆက်လက် နေထိုင်လို

alt

ဗစ်တိုးရီးယား ဘက်ခမ်း သည် အမေရိကန် တွင်ပင် ဆက်လက် နေထိုင်ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။

ယခင် Spice Girls အဖွဲ့ဝင်ဟောင်းသည် သူမ၏ ဒီဇိုင်နာ လုပ်ငန်းများ အခြေခိုင်နေပြီ ဖြစ်သောကြောင့် ခင်ပွန်းသည် အင်္ဂလန် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်း ကဲ့သို့ အမေရိကန်မှ ပြောင်းရွှေ့ သွားလိုခြင်း မရှိပေ။

ဘက်ခမ်း သည် လော့စ်အိန်ဂျယ်လိစ် ဂလက်စီ တွင် ဘောလုံးကစား နေသော်လည်း အသင်းပရိသတ်နှင့် အဆင်မပြေ သဖြင့် ၎င်းတချိန်က အငှား သွားကစားဖူးသော အီတလီကလပ် အေစီမီလန်သို့ ပြောင်းရွှေ့လိုစိတ် ပြင်းပြနေသည်။

သို့သော်လည်း အသက်(၃၅)နှစ် အရွယ် ဗစ်တိုးရီးယားက အမေရိကန်တွင် အောင်မြင်မှုများ ရရှိနေသည့် သူမတို့ မိသားစုပိုင် dVb တံဆိပ် ဂျင်း အဝတ်အထည် များကြောင့် နိုင်ငံပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ ဖြစ်နေရသည်။

ဗစ်တိုးရီးယား ၏ မိတ်ဆွေများက ထိုကိစ္စအတွက် လင်မယား နှစ်ယောက် အငြင်းပွား နေရကြောင်း ပြောဆိုခဲ့သည်။ ဘက်ခမ်းသည် အေစီမီလန်သို့ (၆)လမျှ အငှား သွားကစားစဉ် ကလည်း ဗစ်တိုးရီးယားနှင့် သား(၃)ဦးတို့မှာ အမေရိကန် တွင်ပင် နေခဲ့ကြပြီး၊  ဘက်ခမ်း၏ ကလေးများ မှာလည်း အမေရိကန်တွင် အခြေကျနေပြီး လက်ရှိ လူနေမှု ဘဝကို နှစ်သက်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here