မိုက်ကယ်အိုဝင ်နှင့် နံပါတ်(၇) ထိုက်တန်ကြောင်း ဖာဂူဆန် ချီးကျူး

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန် က ၎င်းအသစ် ခေါ်ယူထားသော အင်္ဂလန် တိုက်စစ်မှူး မိုက်ကယ်အိုဝင် သည် နံပါတ်(၇)ကို ဆက်ခံရန် ထိုက်တန်ကြောင်း ချီးကျူး လိုက်သည်။

အိုဝင်သည် လက်ရှိအင်္ဂလန် ချန်ပီယံကလပ်၏ ကမာ္ဘကျော် ဘောလုံး သမားများသာ အစဉ်အဆက် ၀တ်ဆင်ခဲ့သော ကျောနံပါတ်ကို ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နာဒိုထံမှ ဆက်ခံခွင့် ရရှိထားသည်။

အိုဝင်သည် ဧရိယာအတွင်း အလွန်ထူးချွန်ပြီး တစ်ဖက်အသင်း ခံစစ်ကြောင်းကို ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါ အပြည့်ရှိနေကြောင်း ဖာဂူဆန်က ဆိုသည်။ အိုဝင်သည် မန်ချက်စတာ၏ အာရှဒေသ ရာသီကြို ခြေစမ်းခရီးတွင် (၃)ပွဲ ကစားပြီး (၃)ပွဲလုံး ဂိုးသွင်း ပေးနိုင်ခဲ့သော်လည်း မကြာခဏ ဒဏ်ရာ ရတတ်သည့် အစဉ်အလာကြောင့် မန်ချက်စတာ ပရိသတ်များက မယုံမရဲ ဖြစ်လျှက်ရှိသည်။

သို့သော်လည်း ဖာဂူဆန် ကမူ အိုဝင်မှာ ကျောနံပါတ် (၇)နှင့် ထိုက်တန်ကြောင်း သက်သေပြကာ (၂၅)ပွဲမျှ ကစားတိုင်း (၁၅)ဂိုးမျှ သွင်းပြ လိမ့်မည်ဟု ထောက်ခံ ထားခဲ့သည်။ ထို့အတူ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် ကျောနံပါတ်(၇) ပိုင်ရှင်ဟောင်း ရော်နာဒို နှင့် အိုဝင်၏ ကစားဖော် တိုက်စစ်မှူး ၀ိန်းရူနီ တို့ကလည်း အိုဝင်နှင့် နံပါတ်(၇)မှာ အမှန်တကယ် သင့်တော်ကြောင်း မှတ်ချက် ပေးထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here