ပြင်သစ် သမတ ဆေးရုံတက်ခဲ့ရ

alt

ပြင်သစ် သမတ နီကိုလက် ဆာကိုဇီ သည် ခပ်ရွရွပြေး လေ့ကျင့်ခန်း ပြုလုပ်ရင်း လဲကျသွားသဖြင့် ဆေးရုံတင်ခဲ့ရာမှ ယခုအခါ ဆေးရုံ ဆင်းသွားပြီဟု သိရသည်။

သမတသည် အသက်(၅၄)နှစ် ရှိပြီဖြစ်ပြီး အားလပ်ချိန် ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် ရာသီဥတု ပူပြင်းမှုကြောင့် လဲကျခဲ့ခြင်း ဖြစ်သည်။ နောက် တနေ့တွင်မူ သမတ၏ အခြေအနေ ကောင်းမွန်လာပြီး စိုးရိမ်စရာ မရှိတော့သဖြင့် ဗယ်ဒီဂရေ့ စစ်ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်သည်။

ထိုသတင်းကို ဆာကိုဇီ နှင့် အလွန်ရင်းနှီးသော စီးပွားရေးဝန်ကြီး ပက်ထရစ်ဒီဗက်ဂျီယန် က အတည်ပြု ခဲ့သည်။ ဆရာဝန်များက အီလိုင်ဆီ နန်းတော် သို့ ပြန်သွားသည့် သမတ၏ ကျန်းမာရေးမှာ ကောင်းမွန်နေပြီ ဖြစ်သော်လည်း ဂရုတစိုက် စောင့်ကြည့် ပေးသွားမည်ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက ဗာဆိုင်း နန်းတော် ပတ်ဝန်းကျင်တွင် အပူချိန် (၈၄)ဒီဂရီ ဖာရင်ဟိုက် အထိ မြင့်တက် နေခဲ့သည်။ ဆာကိုဇီ လဲကျသွားသည် နှင့် စစ်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ချက်ချင်း ခေါ်သွားခဲ့ခြင်းဟု တာဝန်ရှိသူများက ကြေညာခဲ့ပြီး သမတသည် ရေဓာတ် ခမ်းခြောက်မှု ခံစားနေရသည် ဆိုသော ခန့်မှန်းချက် များကိုမူ ပယ်ချ ငြင်းဆန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here