အင်ဒိုနီးရှားတွင် ငလျင်ပြင်းလှုပ်ခတ်

alt

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြား ကျွန်းတွင် အင်အား ပြင်းထန်သော ငလျင်တခု လှုပ်ခတ် သွားခဲ့ကြောင်း ကျွမ်းကျင်သူများက အတည်ပြုခဲ့သည်။

ယခု လှုပ်ခတ်သွားသော ငလျင်သည် ဇူလိုင်လ (၂၇)ရက်နေ့ နံနက်ပိုင်းက အင်ဒိုနီးရှား အနောက်ပိုင်းရှိ ဘန်ကူလူ ကို ဦးတည် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်၏ ပြင်းအားသည် အဆင့်(၆.၁)ရှိပြီး ဘင်တူဟန်၊ ဘန်ကူလူ တို့၏ အနောက် တောင်ဘက် ပင်လယ် ကြမ်းပြင်အောက် (၅၇)ကီလိုမီတာ အကွာမှ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ငလျင်တိုင်းတာရေး ပညာရှင်များက အတည်ပြုခဲ့သည်။

ငလျင်ကြောင့် ထိုဒေသများနှင့်အတူ အနီးအနားရှိ လီဝါ နှင့် လမ်ပွန် တို့တွင် ထိခိုက်ပျက်စီးမှု အနည်းအကျဉ်း ပေါ်ပေါက် ခဲ့သော်လည်း လူသေဆုံး ဒဏ်ရာရမှု သတင်းများ မကြားသိရပေ။ အင်ဒိုနီးရှားနိုင်ငံသည် ငလျင်ဇုန်ကြီး တခုတွင် တည်ရှိနေပြီး ထိုဇုန်အား ပစိဖိတ်မီးကွင်း ဒေသဟု တင်စား ခေါ်ဝေါ်ကြသည်။

အင်ဒိုနီးရှား နိုင်ငံ ပတ်ဝန်းကျင်ရှိ ပစိတ်ဖိတ် သမုဒ္ဒရာ အောက်တွင် လှုပ်ရှားနေဆဲ မီးတောင်များ အများအပြား ရှိနေသလို ပြတ်ရွေ့ကြောင်းကြီး (၂)ခု တို့လည်း တည်ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here