ထိုင်းဝန်ကြီးချုပ် ၏ မြန်မာပြည် ခရီးစဉ် ရွှေ့ဆိုင်း

alt

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ် ချာချီဝ သည် မြန်မာပြည်ကို ဂျူလိုင်လ ၃၁ ရက်တွင် သွားရောက် လည်ပတ်ရန် စီစဉ် ထားမှုအား ၂ပတ် သို့မဟုတ် ၃ပတ်ခန့် နောက်သို့

ရွှေ့ဆိုင်း ပေးရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး က တောင်းဆို ခဲ့ကြောင်း ထိုင်း ဝန်ကြီးချုပ် ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ပနီတန် ဝတန်နာရကောန့် ( Panithan Watthanayakorn ) က ဒီကနေ့ အင်္ဂါနေ့ မှာ ပြောဆို ခဲ့သည်။

ယခုကဲ့သို့ ရွှေ့ဆိုင်းပေးရန် တောင်းဆို ခဲ့ခြင်းသည် ပြီးခဲ့သည့် အာဆီယံ အစည်းဝေး တွင် ဆွေးနွေးခဲ့သည့် မြန်မာပြည်ဆိုင်ရာ ကိစ္စများနှင့် မည်သို့မျှ ပတ်သက်ခဲ့ခြင်း မရှိကြောင်း သူက ထပ်မံ ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချ်ချာချီဝ လာရောက်မည့် ဂျူလိုင်လ ၃၁ ရက် နေ့သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆို ထားသည့် အမှုအား စီရင်ချက် ချမည့်နေ့နှင့် တိုက်ဆိုင် နေခြင်းကြောင့် မြန်မာ စစ်အစိုးရက ရွှေ့ဆိုင်း ခိုင်းခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်သူများ က ပြောဆို ခဲ့ကြသည်။

(၄၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး မှ စစ်မှန်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံ ဆွေးနွေးရေးကို ဖော်ဆောင် လာနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး၊ ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင်သင့်သူ အားလုံးကို ပါ၀င်ခွင့် ပေးသင့်ကြောင်း ကြေညာချက် ထုတ်ပြန် ထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here