အနုမြူ ကိစ္စအတွက် ပြန်လည် ညှိနှိုင်းရန် စဉ်းစားနေဟု မြောက်ကိုရီးယား ကြေညာ

alt

အနုမြူဆိုင်ရာ တင်းမာနေမှု များအတွက် တကျော့ပြန် ညှိနှိုင်းသွားရန် စဉ်းစားနေကြောင်း မြောက်ကိုရီးယားက ဇူလိုင်လ (၂၇)ရက် နေ့တွင် အရိပ်အမြွက် ကြေညာ ခဲ့သည်။

မြောက်ကိုရီးယားက ၎င်းတို့၏ အနုမြူ လက်နက် စီမံကိန်းနှင့် ပတ်သက်ပြီး အမေရိကန် အပါအဝင် ကမာ္ဘ့ထိပ်တန်း နိုင်ငံများနှင့် ဆွေးနွေးသွားရန် စဉ်းစားနေကြောင်း ယခုလို လေသံ ဟ,လာခဲ့ခြင်း ဖြစ်သည်။ မြောက်ကိုရီးယား က ထုတ်ပြန်သော ကြေညာချက် အတွင်း ထိုင်းနိုင်ငံသို့ အာဆီယံ ဒေသတွင်း အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကိုမူ ရှုတ်ချထားသေးကြောင်း၊ မြောက်ကိုရီးယား နိုင်ငံသည် ယခင်ကလည်း ဟီလာရီအား နိုင်ငံရေးနှင့် ပတ်သက်ပါက ကျောင်းသူ အဆင့်မျှသာ ရှိနေကြောင်း ပြက်ရယ် ပြုခဲ့ဖူးသည်။

ယခု အခါတွင်မူ အမေရိကန်နှင့် ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ကြေညာချက်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြံုယမ်း အစိုးရ အနေနှင့် လက်ခံနိုင်ဖွယ် အခြေအနေမျိုး ရှိလာပါက အနုမြူ (၆)နိုင်ငံ အစည်းအဝေးသို့ ပြန်လည် ပေါင်းစည်းရန် စိတ်ဝင်စားကြောင်း ၀န်ကြီးဌာန အာဘော်ကို မြောက်ကိုရီးယား သတင်းဌာနက ကြေညာခဲ့ခြင်း ဖြစ်သည်။

လေ့လာသူ များကမူ မြောက်ကိုရီးယားသည် ၎င်းတို့၏ အနုမြူ လက်နက်နှင့် နည်းပညာများကို ဖျက်သိမ်းရန် တောင်းဆိုခြင်း များအား မည်သို့မျှ လိုက်လျောဖွယ် မရှိဟု သုံးသပ်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here