အိန္ဒိယ ရေတပ်၏ ပထမဆုံး အနုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော

alt

အိန္ဒိယ ရေတပ်သည် ၎င်းတို့၏ ပထမဆုံး အနုမြူ စွမ်းအင်သုံး ရေငုပ်သင်္ဘောကို အောင်မြင်စွာ ရေချ နိုင်ခဲ့ပြီဖြစ်သည်။

ခေတ်မီ ရေတပ် တိုက်ခိုက်ရေး စက်ယန္တယား၏ စတင် တာဝန် ထမ်းဆောင်မှု အခမ်းအနားကို တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့ ဗစ်ဟက် ဟာပက်တမ် တွင် ဇူလိုင်လ (၂၆)ရက် နေ့က ကျင်းပခဲ့သည်။ ထို့ကြောင့်လည်း အိန္ဒိယသည် ကမာ္ဘပေါ်တွင် အနုမြူ ရေငုပ်သင်္ဘောများ အောင်မြင်စွာ ဆောက်လုပ်နိုင်သည့် ဆဌမမြောက် နိုင်ငံအဖြစ် ရပ်တည် လာခဲ့ပြီဖြစ်သည်။

အိန္ဒိယ စစ်ဘက် တာဝန်ရှိသူ များက ယခု ဆောက်လုပ်ခဲ့သော Arihant ရေငုပ်သင်္ဘော သည် အနုမြူထိပ်ဖူး ဒုံးကျည်များကို တပ်ဆင်နိုင်ကြောင်း ပြောကြားလိုက်ကာ Arihant ၏ အဓိပ္ပါယ်မှာ ဟိန္ဒီဘာသာဖြင့် ရန်အပေါင်းကို အောင်နိုင်ခြင်းဟု အဓိပ္ပါယ်ရသည်။

စစ်ဘက်ဆိုင်ရာ အရာရှိများက ၎င်းတို့သည် ယခု ရေငုပ်သင်္ဘောကို ဆောက်လုပ်ခဲ့ခြင်းဖြင့် ဒေသတွင်း နိုင်ငံများကို ခြိမ်းခြောက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်း ရေချပွဲတွင် ပြောကြားခဲ့သည်။ အိန္ဒိယသည် (၁၉၇၄) ခုနှစ်တွင် အနုမြူဗုံး တလုံးကို စမ်းသပ် ဖောက်ခွဲခဲ့ပြီး နောက် ဆယ်စုနှစ် အချို့တိုင်အောင် အနုမြူစွမ်းအင်ကို ဆက်လက် အသုံးပြုခြင်း မရှိတော့ပေ။

အိန္ဒိယ၏ ဒေသတွင်း အိမ်နီးချင်း ပါကစ္စတန်သည်လည်း အနုမြူ ပိုင်ဆိုင်ထားပြီး ထိုနှစ်နိုင်ငံသည် အချင်းချင်း ပဋိပက္ခ မြင့်မားနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here