AVG နောက်ဆုံး update iTunes ကို malware ဟု သတ်မှတ်

alt

လူသိများသော Antivirus Software တခု ဖြစ်သည့် AVG ၏ နောက်ဆုံး Update ကို ရယူလိုက်ပါက Apple ၏ iTune ကို Virus အဖြစ် သတ်မှတ် ဖော်ပြနေကြောင်း သိရှိရသည်။

အဆိုပါ ပြဿနာကို Apple နှင့် ပါတ်သက်သည့် Forum များတွင် ၀င်ရောက် ရေးသားကြပြီး နောက် AVG က လာမည့် Update Version များတွင် ပြန်လည် ပြင်ဆင်ပေးမည်ဟု ကတိပြု ခဲ့သည်။

AVG ၏ နောက်ဆုံး Update ကို Download လုပ်လိုက်ပါက iTunes.dll နှင့် iTunesRegistry.dll ဖိုင်များကို Malware များအဖြစ် သတ်မှတ်ပြီး Trojan horse Small.BOG အဖြစ် ဖော်ပြခဲ့သည်။ iTune အသုံးပြုသူ အချို့တို့သည် iTune ကို ထပ်မံ Install လုပ်ကြည့်သော်လည်း အလားတူ ပြဿနာနှင့်ပင် ကြံုနေရကြောင်း သိရှိရသည်။

ယခု ပြဿနာသည် Mac OS ကို အသုံးပြုနေသည့် AVG User များတွင် မတွေ့ရဘဲ Microsoft ၏ Windows OS အသုံးပြု User များသာ ကြံုခဲ့ရကြောင်း ကိုလည်း သိရှိရသည်။ ထို ကိစ္စအတွက် Apple က ယခုတိုင် တစုံတရာ ထင်မြင်ချက် မပေးသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here