နယူးဇီလန်တွင် ရထား လမ်းချော်မှု ဖြစ်ပွား

alt

နယူးဇီလန် နိုင်ငံ၊ ဝယ်လင်တန် မြို့တော် အနီးတွင် ရာသီဥတု ဆိုးရွားမှုကြောင့် ရထားတစင်း လမ်းချော်သွားကြောင်း သိရှိ ရသည်။

ဇူလိုင်လ (၂၃)ရက် နေ့ညက ခရီးသည် (၂၀၀)ကျော် တင်ဆောင် လာသော မီးရထား သည် လမ်းဘေးသို့ ရောက်ရှိသွားပြီး ခရီးသည် (၂၀၀)ကျော် တို့ အထိအခိုက် မရှိဘဲ ကယ်တင် နိုင်ခဲ့ကြောင်း နယူးဇီလန် ရေဒီယိုက ကြေညာခဲ့သည်။

ရထားသည် အလွန်ဆိုးရွားသော ရာသီဥတုကြောင့် လမ်းချော် သွားသော်လည်း မကြာမီမှာပင် ကယ်ဆယ်ရေး အလုပ်သမားများ ရောက်ရှိ လာခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ထိုရထားသည် ဥမင်တခုမှ အထွက်တွင် လမ်းချော် သွားခဲ့သော်လည်း ကံကောင်းစွာဖြင့် တိမ်းမှောက်သွားခြင်း မရှိခဲ့ပေ။

လူ(၂၀၀) ကျော်တွင် ထိခိုက်မှု တစုံတရာ မရှိခဲ့သော်လည်း လူနာတင် ယာဉ်များနှင့် အနီးအနားမှ ဆေးရုံများမှာ အသင့်ပြင်ဆင်မှုများ ချက်ချင်း ဆောင်ရွက်ထားကြောင်း သိရှိရသည်။ ယခု မီးရထားသည် ဝယ်လင်တန်မှ မက်စတာတွန် သို့ ဦးတည်ခုတ်မောင်းစဉ် လေကြမ်း၍ ပြင်းထန်ဆိုးရွားသော ရာသီဥတုကြောင့် ယခုကဲ့သို့ လမ်းချော်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here