ကံဆိုးသည့် တရုတ်လူမျိုး အလစ်သမား

alt

တရုတ် နိုင်ငံမှ အလစ်သုတ် သမား တဦးသည် ကျားရှေ့ မှောက်လျက် လဲသည့် အဖြစ်နှင့် ကြံုခဲ့ရကြောင်း သိရှိ ရသည်။

၎င်းသည် ဇူလိုင်လ (၂၀)ရက် နေ့က အမျိုးသမီးကြီး တဦးထံမှ ရွှေဆွဲကြိုးကို အလစ်သုတ်ပြီး ထွက်ပြေးခဲ့သော်လည်း ကံဆိုးသည်မှာ ထို အမျိုးသမီးကြီး ၏ ခင်ပွန်းမှာ ဝူရှူး ချန်ပီယံဟောင်း တဦး ဖြစ်နေကြောင်း မသိခဲ့ခြင်းပင်။

ယီယန်ကွမ် သည် မော်တော်ဆိုင်ကယ်စီး အလစ်သမား အနောက်သို့ ပြေးလိုက်ပြီး အမိအရ ဖမ်းဆီးလိုက် နိုင်ခဲ့သည်။ ဒွန်ဂန် ခရိုင်တွင် ဖြစ်ပွားခဲ့သော အလစ်သုတ်မှု အခင်း ဖြစ်ပွားချိန်တွင် ယီ က ဖိနပ်များကို ချွတ်ပစ်ကာ ဆိုင်ကယ်နောက် အမီလိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် မစားကောင်းသော အသီးကိုမှ လှမ်းဆွတ် မိရှာသည့် သူခိုးအား အမှီလိုက်လာသော ဝူရှူးချန်ပီယံက မြေပေါ် လှဲသိပ် လိုက်တော့သည်။

အသက်(၅၀) ရှိနေပြီဖြစ်သည့် ယီသည် ၀ူရှူး အတတ်ကို ထူးချွန်စွာ တတ်မြောက်ထားသူ ဖြစ်ပြီး (၁၉၈၄) နှင့် (၁၉၈၆)ခုနှစ် များအတွင်းက ခရိုင်အဆင့် ၀ူရှူးချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ယခုလည်း သူခိုးကို ကိုယ်တိုင် ဖမ်းချုပ်ကာ လာအပ်သွားကြောင်း ဒေသခံ ရဲစခန်းက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here