ကမာ္ဘ့ အကြီးဆုံး နက္ခတ်ကြည့် မှန်ပြောင်း အမေရိကန်တွင် တည်ဆောက်မည်

alt

အမေရိကန်နိုင်ငံ၊ ဟာဝိုင်ယီ ဒေသတွင် ကမာ္ဘ့အကြီးဆုံး နက္ခတ်ကြည့် မှန်ပြောင်း တခု တည်ဆောက်ရန် ပြင်ဆင်နေ ကြောင်း သိရှိရသည်။

Mammoth ဟု အမည် ပေးထားသော မှန်ပြောင်းကြီးသည် အရွယ်အားဖြင့် (၃၀.၄၈) မီတာ ရှိမည်ဖြစ်ပြီး ဒေါ်လာသန်း (၄၀၀) ကျော် အကုန် အကျခံ တည်ဆောက် သွားမည်ဖြစ်သည်။

ပညာရှင်များက မှန်ပြောင်းကြီးသည် (၂၀၁၈) တွင် အပြီးသတ် နိုင်မည်ဟု မျှော်လင့်ထားပြီး လက်ရှိအချိန်တွင် ရံပုံငွေ ဒေါ်လာသန်း (၃၀၀) အထိ စုဆောင်း ထားပြီးဖြစ်သည်။ ယခု မှန်ပြောင်းကြီး ပြီးသွားပါက ၎င်းတို့ အနေနှင့် စကြာဝဠာ၏ သမိုင်းကို အစအဆုံး သိရှိလာမည်ဟု ယုံကြည် ထားကြောင်း Thirty Meter Telescope Observatory ကော်ပိုရေးရှင်း မှ ပြောရေး ဆိုခွင့်ရှိသူ ပုဂ္ဂိုလ် ချားဘလူးက ထုတ်ဖော် ပြောကြားခဲ့သည်။

ထို မှန်ပြောင်းကြီးကို မူနာကီအာ အရပ်တွင် ထားရှိမည် ဖြစ်ပြီး ထိုဒေသသည် ရာသီဥတု ရှင်းလင်း ကြည်လင်သဖြင့် အာကာသ လေ့လာရေး မှန်ပြောင်းများ ဆောက်လုပ်ထားပြီး နေရာလည်း ဖြစ်သည်။ Mammoth ကို ကယ်လီဖိုးနီးယား တက္ကသိုလ်၊ ကယ်လီဖိုးနီးယား နည်းပညာဌာနနှင့် ကနေဒါ နက္ခတ်ဗေဒ လေ့လာရေး တက္ကသိုလ်များ အဖွဲ့တို့က ပူးပေါင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here