အာဆင်နယ်ကို စွန့်ခွာခဲ့ခြင်းမှာ ပရိသတ်များကြောင့်ဟု အဒီဘာယော ပြောကြား

alt

၎င်း အာဆင်နယ် အသင်းကို စွန့်ခွာခဲ့ခြင်းသည် အာဆင်နယ် ပရိသတ် များကြောင့် ဖြစ်ကြောင်း မန်ချက်စတာ စီးတီး တိုက်စစ်မှူးသစ် အီမန်နျူရယ် အဒီဘာယော က စွပ်စွဲလိုက်သည်။

တိုဂို လက်ရွေးစင် တိုက်စစ်မှူးက အာဆင်နယ် ပရိသတ်များသည် ၎င်းအား လုံလောက်သော လေးစားမှုမျိုး မပြသခဲ့ဟု ဆိုသည်။ ပြောင်းရွှေ့ကြေး ပေါင်(၂၅) သန်းဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့တွင် စီတီးသို့ ရောက်လာခြင်းမှာ အာဆင်နယ် ပရိသတ်များက ၎င်းအား မယုံကြည်ခြင်းသည် အဓိက ကျကြောင်း အဒီဘာယောက ၀န်ခံခဲ့သည်။

အဒီဘာယော သည် ပြီးခဲ့သည့်နှစ်က ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သည် ဆိုသော ယုံကြည်မှုဖြင့် အာဆင်နယ်၏ အမာခံ ပရိသတ်များက အမြင် မကြည်ဖြစ်ခဲ့ကာ ဘောလုံးရာသီ တလျှောက်လုံး ၎င်းအပေါ် မျက်မုန်းကျိုး နေကြသည်။ ၎င်း ဂိုးသွင်းပြီးလျှင်လည်း ပရိသတ်က ဂုဏ်ပြုခြင်းမျိုး မရှိခဲ့ကြောင်း၊ အာဆင်နယ် အသင်းတွင် ကစားနေပြီး အာဆင်နယ် ပရိသတ်က ထောက်ခံခြင်း မခံရသော ဘဝသည် ခက်ခဲကြောင်း အဒီဘာယောက ပြောကြားခဲ့သည်။

ထို့အပြင် အာဆင်နယ် အသင်းမှ စီးတီးသို့ ပြောင်းလာရာတွင် ငွေက အဓိက မကျဘဲ အာဆင်နယ်ထံမှ ကောင်းမွန်သော ကမ်းလှမ်းမ ှုတခု ရရှိခဲ့ကြောင်း အဒီဘာယောက အတည်ပြုခဲ့သည်။ ၎င်းသည် အာဆင်နယ် အသင်းကို ချစ်သော်လည်း စီးတီးကို ရွေးချယ်ခဲ့ခြင်း အတွက် လုံးဝ နောင်တ မရကြောင်း အဒီဘာယော  ယမန်နေ့က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here