ဇာဗီအလွန်ဆို လီဗာပူးတွင် ဆက်ရှိရန် မသေချာတော့

alt

လီဗာပူးတွင် ဆက်ရှိနေရန် အာမ မခံနိုင်ကြောင်း ဇာဘီအလွန် ဆိုက ငြင်းဆန် လိုက်ပြီးနောက် ၎င်းအနေနှင့် ရီးရဲလ်မက်ဒရစ် သို့ ပြောင်းရွှေ့တော့မည် ဟု သတင်းများ ပိုမိုကျယ်ပြန့်စွာ ထွက်ပေါ် လာခဲ့သည်။

စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမား တဦးဖြစ်သည့် အလွန်ဆို က အင်္ဂလန် ကလပ် လီဗာပူးတွင် လောလောဆယ် ပျော်ရွှင် နေသော်လည်း ဆက်ရှိနေမည်ဟု ကတိ မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။

ရီးရဲလ် အသင်းသည် အလွန်ဆိုအား ယူရို(၃၅)သန်းဖြင့် ကမ်းလှမ်းထားပြီး လီဗာပူးက ပယ်ချထားသည်။ သို့သော်လည်း အလွန်ဆို ကိုယ်တိုင်က ရီးရဲလ်အသင်း၏ ဘာနေဗျူး ကွင်းကြီးသို့ အရောက်လှမ်းချင်သည့် ဆန္ဒ ရှိနေနိုင်ကြောင်း သတင်းများက ရေးသားခဲ့ကြသည်။ လက်ရှိ အခြေအနေအရ ရီးရဲလ်သည် အလွန်ဆိုနှင့် လီဗာပူးတို့၏ အနေအထားကို စောင့်ကြည့် နေဆဲဖြစ်သည်။

ထို့အတူ လီဗာပူး၏ ပြည်တွင်း ပြိုင်ဘက်များဖြစ်သော မန်ချက်စတာ စီးတီးနှင့် ချဲလ်ဆီး တို့သည်လည်း အသက် (၂၈)နှစ်ရှိ ကွင်းလယ်လူအား စိတ်ဝင်စား လာကြောင်း သတင်းများ ထွက်ပေါ်နေသည်။ လီဗာပူး အသင်းအနေနှင့် အလွန်ဆို အတွက် ခေါင်းပူနေရသလို အသင်းမှ အာဂျင်တီးနား လက်ရွေးစင် ဟာဗေးယား မာရှေယာနိုကို ဘာစီလိုနာက စိတ်ဝင်စားနေခြင်း အတွက်လည်း စိုးရိမ်စရာ ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here