တမီလ် လူမျိုးများ ပြန်လည်ထူထောင်ရေး အချိန်ယူရမည်

alt

သီရိလင်္ကာ နိုင်ငံအနေ နှင့် တမီလ် လူမျိုးများ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးရန် အချိန်လိုဦးမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးက ပြောကြား လိုက်သည်။

၀န်ကြီး ရိုဟီသာ ဘိုဂေါ်လာဂါမာ က အင်တာဗျူး တခုအတွင်း မြောက်ပိုင်းရှိ ဒုက္ခသည် စခန်းများတွင် သောင်တင် နေသည့် စစ်ဘေး ဒုက္ခသည် (၂၈၀၀၀၀)ကျော် အတွက် အစိုးရ အနေနှင့် အစီအစဉ်များ ရှိနေသော်လည်း အတိုင်းအတာ တခုထိ အချိန်ယူ ရဦးမည်ဟု သုံးသပ်သွားသည်။

၎င်းတို့သည် အစိုးရ၏ ပြင်းထန်သော ထိုးစစ်ကြောင့် စစ်ဘေးသင့် နေရပ်ကို စွန့်ခွာ ခဲ့ရသူများ ဖြစ်သည်။ နောက်ထပ် (၆)လ အတွင်း ဒုက္ခသည် စုစုပေါင်း အရေအတွက်၏ (၆၀) ရာခိုင်နှုန်းသည် ဇာတိမြေသို့ ပြန်နိုင်ရန် ၎င်းတို့ ကြိုးစားနေကြောင်း ၀န်ကြီး ရိုဟီသာက ဆိုသည်။

မူလက သီရိလင်္ကာ အစိုးရက ယခု ကာလအတွင်း အိမ်ပြန်ခွင့် ရရှိမည့် ဒုက္ခသည် အရေအတွက်မှာ (၈၀)မျှ ရှိနိုင်သည်ဟု ခန့်မှန်း ထားသည်။ သီရိလင်္ကာ သမ္မတ မဟင်ဒါ ရာဂျာပက်စကာ သည် မေလ (၁၉)ရက်နေ့က နိုင်ငံအတွင်း (၂၆)နှစ်မျှ ပြည်တွင်းစစ်ကို ဖြစ်ပေါ် နေစေခဲ့သည့် တမီလ် ကျားသူပုန်တို့အား အပြီးတိုင် အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာပြီးနောက် စစ်ဘေး ဒုက္ခသည်များ၏ ပြန်လည် နေရာချထားရေး လုပ်ငန်းများတွင် နှောင့်နှေးနေကြောင်း ဝေဖန်မှုများ ရင်ဆိုင်နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here