အာဆီယံနှင့် မြန်မာ နောက်ထပ် ဆွေးနွေးရန် မလေးရှားဝန်ကြီး တိုက်တွန်း

alt

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး ဒါတက် အနီဖာအမန် က အာဆီယံ နိုင်ငံများ အနေနှင့် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံ နှင့် နောက်ထပ် ဆွေးနွေး ညှိနှိုင်းမှုများ အပူတပြင်း ပြုလုပ် သင့်ကြောင်း ပြောကြားလိုက်သည်။

မြန်မာ နိုင်ငံအတွင်း လိုအပ်နေသော အကူအညီများ အတွက် ရံပုံငွေ သတ်မှတ်ရေး၊ ထောက်ပံ့ ပစ္စည်းများ ပေးပို့ရေး အပါအဝင် ကိစ္စတိုင်းကို စနစ်တကျ စီစစ်သင့်သည်ဟု အနီဖာ ကဆိုသည်။ အာဆီယံသည် မြန်မာနိုင်ငံ အတွင်းသို့ အထူး ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ပြီး လက်ရှိ အခြေအနေတိုင်းအား အသေးစိတ် လေ့လာသင့်ကြောင်း ဖူးခက်ရှိ (၁၆)ကြိမ် မြောက် အာဆီယံ ဒေသတွင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများနှင့် ဆွေးနွေးမှု အချို့ ပြုလုပ်ခဲ့သော်လည်း အမှန်တကယ် အကျိုးဖြစ်ထွန်းမှု နည်းပါးသေးသည် ဟုလည်း အနီဖာက ထောက်ပြခဲ့သည်။ ထို့အပြင် အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ အစိုးရက ပြန်လွှတ် ပေးရေးတွင် ပိတ်ဆို့သည့် နည်းလမ်းများထက် ညှိနှိုင်း ဆွေးနွေးမှုက အကျိုး ဖြစ်ထွန်းနိုင်မည်ဟု အနီဖာက ဆွေးနွေးသွားသည်။

(၂၀၀၈) ခုနှစ်၊ မေလအတွင်းက ဖြစ်ပေါ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြီး အတွင်း လေဘေးဒုက္ခနှင့် ကြံုတွေ့ ခဲ့ရသည့် ဒုက္ခသည် (၂.၄)သန်းကျော်၏ လက်ရှိ အခြေအနေကိုလည်း အမှန်အတိုင်း ဖော်ပြရန် မြန်မာနိုင်ငံအား မလေးရှား ၀န်ကြီးက တိုက်တွန်းခဲ့သည်။

အနီဖာက ယခု အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အာဆီယံ အနေနှင့် ပူးပေါင်း တောင်းဆိုပေးပါရန် ပန်ကြားသွားပြီး ၎င်း၏စကားကို အစည်းအဝေး တက်ရောက်လာသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကလည်း ထောက်ခံ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here