နောက်ထပ် ကလေးတွေ မွေးချင်သေးတဲ့ ဂျနီဖာလိုပက်

alt

နောက်ထပ် ကလေးများများ လိုချင် သေးကြောင်း ဂျနီဖာလိုပက် က မီဒီယာ များအား ပြောကြားလိုက်သည်။

ချစ်စနိုး အတိုကောက် အားဖြင့် ဂျေလိုးဟု ခေါ်ဝေါ်ကြသော အဆိုတော် မင်းသမီး သည် ယခုထက် ပိုမို ကြီးမားသော မိသားစုကြီး တခုကို မျှော်လင့်နေသည်။ ဖေဖော်ဝါရီလ (၂၀၀၈) ခုနှစ်က အမ်မာနှင့် နော့ဇ် အမည်ရှိ အမြွှာ ကလေးငယ် နှစ်ဦးကို ဖွားမြင် ထားသော်လည်း သူမရော၊ ခင်ပွန်းသည် မတ်ခ်အန်ထော်နီပါ ကလေးချစ်သူများ ဖြစ်ကြသဖြင့် ကလေးများများ ရလိုကြောင်း ဂျေလိုး က ဆိုသည်။

သူမသည် အိမ်တွင်နေပြီး သားသမီးများအား ပျိုးထောင် ပေးနေရသည့် မိခင်တဦး၏ ဘဝကို ကျေနပ်ခဲ့သော်လည်း အချိန်တန်သောအခါ အနုပညာ လုပ်ငန်းများ အတွက် တကျော့ပြန် အချိန်ပေးရကြောင်း ဂျေလိုးက ၀န်ခံခဲ့သည်။

ထို ကိစ္စကြောင့်လည်း သူမ အနေနှင့် နောက်ပိုင်းတွင် ရုပ်ရှင် အရိုက်ကြဲလာခဲ့ပြီး ကလေး(၂)ဦး လုံးကလည်း သူမအား မျက်စိအောက်မှ အပျောက်မခံကြောင်း ပြောကြားသွားသည်။ ဂျေလိုသည် နောက်နှစ် ဇန်နဝါရီလတွင် ရုံတင်ဖွယ်ရှိသည့် The Back-Up Plan အမည်ရှိ ဇာတ်ကားတခုကိုသာ မီးဖွားပြီး ကတည်းက ရိုက်ကူးရသေးသည်။ ယခုအခါ ဂျေလိုး အနေနှင့် သီချင်းသီဆိုသည့် ဘက်သို့ ပြန်လည် အာရုံစိုက်နေပြီး ကလေးများနှင့် အလုပ်ကြားတွင် ဗျာများနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here