ဟော့ဒေါ့ နှင့် ဝက်အူချောင်းကြောင့် ကင်ဆာ ဖြစ်နိုင်ခြေ တိုးပွားဟု သတိပေး

alt

အမေရိကန် ဥပဒေပြု အမတ်များက ဟော့ဒေါ့ နှင့် ၀က်အူချောင်း များတွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ တိုးများ လာစေနိုင်ကြောင်း သတိ ပေးစာတမ်း ကပ်ရမည့် ဥပဒေတခု ပြဌာန်းပေးရန် တောင်းဆို ခဲ့ကြသည်။

ကျန်းမာရေး အတွက် အထောက်အကူပြုမည့် သတိပေး စာတမ်းတခု ကပ်ရန်အတွက် အမှန်တကယ် လိုအပ်နေကြောင်း ၀ါရှင်တန်ဒီစီ ရှိ အမတ်များက ဆိုသည်။ ၎င်းတို့က အမေရိကန်သည် ဟော့ဒေါ့တွင် အသုံးပြုသည့် ၀က်အူချောင်းများ Package ပေါင်း သန်း(၇၃၀)ကျော် ရောင်းချခဲ့ရပြီး ဒေါ်လာ(၃.၄)ဘီလျံ ၀င်ငွေ ရရှိခဲ့သည်။

သို့သော်လည်း ကယ်လိုရီ အလွန်များပြားသော အဆိုပါ အစားအစာ များသည် အလွန်အကျွံ စားသုံးပါက လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ သတိပေး စာတမ်းများ ကပ်သင့်ကြောင်း တောင်းဆိုမှုများ ပေါ်ပေါက် လာခြင်းဖြစ်သည်။

ထို စီမံကိန်းကို နယူးဂျာစီမှ စတင် အကောင်အထည် ဖော်ရန် အမတ်များက တောင်းဆို နေကြသော်လည်း အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိသေးပေ။ ထိုကိစ္စနှင့် ပတ်သတ်ပြီး ကြိုဆိုမှုများ ရှိသော်လည်း မလိုအပ်ဘဲ ပြဿနာ လုပ်သည်ဟု ယူဆနေသည့် စားသုံးသူများလည်း ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here