Glaxo ၏ တိုက်ဖွိုက် ကာကွယ်ဆေး ကလေးများ အတွက် အာနိသင် ပိုမိုထိရောက်

alt

လေ့လာမှု အသစ်များ အရ GlaxoSmithKline ၏ တိုက်ဖွိုက် ကာကွယ်ဆေး သည် ကလေးငယ် များတွင် ထူးထူးခြားခြား အာနိသင် သက်ရောက်ကြောင်း သိရှိ ရသည်။

ပညာရှင်များက အဆိုပါ ကာကွယ်ဆေး သည် လူကြီးများ အတွက် အသုံးဝင် သော်လည်း ငယ်ရွယ်သေးသည့် လူငယ်လေး များတွင် ပိုမို ထိရောက်ကြောင်း ထောက်ခံခဲ့ကြသည်။ အိန္ဒိယ နိုင်ငံရှိ လူဦးရေ (၆၀၀၀၀) ကျော်ကို အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြရာ အသက် (၅)နှစ်အောက် ကလေးများ အတွက် အကျိုးသက်ရောက်မှု (၈၀) ရာခိုင်နှုန်းထိ ရှိခဲ့သော်လည်း အသက် (၅)နှစ် အထက် အရွယ်များတွင်မူ ဆေး၏ အာနိသင်မှာ (၄၄) ရာခိုင်နှုန်း ၀န်းကျင်သာ တွေ့ရှိရကြောင်း သုတေသီများက ဆိုသည်။

ထို သုတေသန ပြုလုပ်မှုအား Microsoft လုပ်ငန်းရှင် သူဌေးကြီး ဘီဂိတ် ထူထောင်ထားသည့် Bill and Melinda Gates ဖောင်ဒေးရှင်း နှင့် တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော် အခြေစိုက် နိုင်ငံတကာ ကာကွယ်ဆေး ပညာဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပညာရှင်များက တိုက်ဖွိုက်ရောဂါ ကာကွယ်ဆေး၏ အာနိသင် သက်ရောက်မှု အသက် အပိုင်းအခြားကို ယခုကဲ့သို့ ဖော်ထုတ် နိုင်ခြင်းသည် ကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် များစွာ အကျိုးရှိနိုင်ကြောင်း သုံးသပ် ပြောကြားသွားခဲ့ ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here