Proposal ဇာတ်ကားတွင် သရုပ်ဆောင် ခဲ့ရသည့် အတွက် စန်ထရာဘူးလော့ဒ် ကျေနပ်နေ

alt

Proposal ဇာတ်ကားသည် သူမ၏ ဘဝတွင် အခမ်းနားဆုံး ရုပ်ရှင် တကားဖြစ်ကြောင်း မင်းသမီး စန်ထရာ ဘူးလော့ဒ် က ထုတ်ဖော်ဝန်ခံ သွားခဲ့သည်။

ထို ဇာတ်ကားတွင် သူမသည် မင်းသား ရိုင်ယန်ရေးနိုးလ် နှင့် တွဲဖက် သရုပ်ဆောင်ထားပြီး သူမ၏ အနုပညာ အဆင့်အတန်းအား ပြသ ထားနိုင်ခဲ့သည်။ Proposal ကို ဇူလိုင်လ (၂၂)ရက် နေ့က ဗြိတိန်တွင် စတင် ရုံတင်နေပြီ ဖြစ်ပြီး အမေရိကန်တွင် ကြိုတင် ရုံတင်ခဲ့သည့် တပါတ်အတွင်း ဒေါ်လာ (၁၂၈)သန်း ရရှိခဲ့သည်။

ထို ပမာဏသည် ဘူးလော့ဒ် ယခင်က သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် Speed ဇာတ်ကား ရရှိခဲ့သော တပါတ်ဝင်ငွေ (၁၂၁)သန်း ထက် သာလွန် များပြားနေခဲ့ပြီး၊ ထို့အပြင် Proposal သည် သူမ၏ အခန်းကဏ္ဍကို ပိုမို ပီပြင်စွာ ဖော်ကျူးခွင့် ရရှိခဲ့ပြီး သူမ၏ အသွင်သဏ္ဍန် မှာလည်း ဆွဲဆောင်အား ပြည့်ဝနေကြောင်း ဘူးလော့ဒ် က သုံးသပ်ခဲ့သည်။

ဘူးလော့ဒ် ကဲ့သို့ပင် တွဲဖက်သရုပ်ဆောင် ရေးနိုးလ် ကလည်း ထို ဇာတ်ကားအပေါ် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရေးနိုးလ် က ချစ်ခန်း ကြိုက်ခန်းများ ရိုက်ကူးရာတွင် ဘူးလော့ဒ် ၏ ခန္ဓာကိုယ် အလှသည် အလွန် အံ့ဩချီးကျူးဖွယ် ရှိနေသည်ကို တွေ့မြင် ရကြောင်းလည်း သတင်းထောက်များအား ဘုန်းတော်ဘွဲ့ ညွှန်းဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here