ဂျွန်တယ်ရီ အတွက် မက်မောလောက်ဖွယ် ကမ်းလှမ်းမှု မန်စီးတီး ပြုလုပ်သွားရန် စီစဉ်နေ

alt

မန်ချက်စတာ စီးတီး ဘောလုံး အသင်း သည် ၎င်းတို့ အသည်းအသန် အလိုရှိ နေသော ချဲလ်ဆီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီအား မငြင်းဆန် နိုင်သော ကမ်းလှမ်းမှု တခု ပြုလုပ်သွားရန် စီစဉ် နေကြောင်း သတင်းများက ဖော်ပြ ခဲ့ကြသည်။

ချဲလ်ဆီးသည် ပေါင်(၃၂) သန်းဖြင့် စီးတီး ထံမှ ကနဦး ကမ်းလှမ်းချက်ကို ငြင်းဆန် ထားသော်လည်း စီးတီးနည်းပြ မတ်ဟုချ် က ပေါင်သန်း(၅၀) အထိ တိုးပေးကာ အင်္ဂလန် ကပ္ပတိန်အား အရ ခေါ်နိုင်ရန် ပြင်ဆင် နေခဲ့သည်။

ထို့အပြင် တယ်ရီ အတွက်လည်း တလလျှင် ကစားကြေးအဖြစ် ပေါင်(၁)သန်းမျှ ပေးသွားနိုင်ရန် ကြံစည်နေပြီး၊ ထိုသတင်း အမှန်သာ ဖြစ်လာပါက တယ်ရီ အနေနှင့် တပါတ်လုပ်ခ ပေါင်(၂၅၀၀၀၀) အထိ ရရှိမည်ဖြစ်ပြီး ကမာ္ဘပေါ်တွင် လုပ်ခ အများဆုံး ဘောလုံးသမားလည်း ဖြစ်လာမည်ဟု သိရှိရသည်။

စီးတီးကို ပိုင်ဆိုင်သော အဘူဒါဘီ သူဌေးများသည် တယ်ရီကို အလွန် သဘောကျနေပြီး စီးတီး အသင်း၏ ကပ္ပတိန် ဖြစ်လာစေလိုသော ဆန္ဒပြင်းပြလျှက် ရှိသည်။ လက်ရှိ အချိန်တွင် တယ်ရီ၏ အနေအထားမှာ လှုပ်ခတ် နေဆဲဖြစ်ပြီး ၎င်းအနေနှင့် ချဲလ်ဆီး အသင်း၏ အပြာရောင် ၀တ်စုံကို ဆင်မြန်းကာ ရာသီကြို ပွဲစဉ်များတွင် ပါ၀င် ကစားနေသော်လည်း အပြောင်းအလဲ တခု အချိန်မရွေး ပေါ်ပေါက် လာနိုင်ကြောင်း ဗြိတိသျှ သတင်းများက သုံးသပ် ရေးသားလျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here