ဖြုတ်ချခံ ဟွန်ဒူးရပ် သမတ ပြည်တော် ပြန်မည်ဟု ကြေညာ

alt

စစ်တပ်နှင့် အတိုက်အခံတို့ ပူးပေါင်း အာဏာသိမ်းပြီး ပြည်ပသို့ နှင်ထုတ်ခြင်း ခံခဲ့ရသော ဟွန်းဒူးရပ် သမတ မန်နျူရယ် ဇီလာရား က ၎င်းသည် ယခု သီတင်းပါတ် အတွင်း တိုင်းပြည်ပြန်မည်ဟု ကြေညာခဲ့သည်။

ဇူလိုင်လ (၂၃)ရက် နေ့က ဇီလာရာသည် ယခု သီတင်းပါတ်ကုန် ဇူလိုင်(၂၅)နှင့် (၂၆)ရက် တနေ့နေ့တွင် ဟွန်းဒူးရပ်သို့ ပြန်မည်ဖြစ်ကြောင်း အာဂျင်တီးနား ရုပ်မြင်သံကြားဌာန တိုဒိုနိုတီဆီယက်သို့ ပြောကြားခဲ့သည်။ ဇီလာရာ သည် ဇွန်လ(၂၈)ရက် နေ့က စစ်တပ်၏ သမတ နေအိမ်အတွင်း အတင်းဝင်ရောက် ဖမ်းဆီးမှုကို ခံခဲ့ရသူ ဖြစ်သည်။

လတ်တလောတွင် ဗြူနိုအေးရီးမြို့သို့ ရောက်ရှိနေသည့် ဇီလာရာက ဟွန်းဒူးရပ် သည် မိမိ၏ နိုင်ငံဖြစ်ကြောင်း၊ ထိုနိုင်ငံမှ ပြည်သူများသည် မိမိအား သမတ အဖြစ် လွတ်လပ်စွာ တင်မြှောက်ထားခြင်း ဖြစ်ပြီး ပြည်တော်ပြန်ရေး စီမံကိန်း အတွက် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော်လည်း လေ့လာသူများက လက်ရှိ ဟွန်းဒူးရပ် ကြားဖြတ် အစိုးရသည် ဇီလာရာ အား တိုင်းပြည်အတွင်း ၀င်ခွင့် ပေးဖွယ်မရှိဟို သုံးသပ် နေကြသည်။ ဇီလာရာ ကမူ ၎င်းသည်သာ စစ်မှန်သော ဒီမိုကရေစီ စနစ်ဖြင့် ရွေးကောက်တင်မြှောက် ခံထားရသည့် ဟွန်းဒူးရပ် သမတ ဖြစ်ကြောင်း ကြံုးဝါးနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here