အာဖဂန်တွင် အောင်ပွဲရရေးသည် အကြီးမားဆုံး စီမံကိန်း မဟုတ်ကြောင်း အိုဘားမားပြော

alt

အာဖဂန်နစ္စတန်တွင် အောင်ပွဲများ ရရှိရေး သည် ၎င်း၏ အကြီးမားဆုံး နိုင်ငံခြားရေး စီမံကိန်း တခု မဟုတ်ကြောင်း အမေရိကန် သမတကြီး ဘာရက် အိုဘားမား က ပြောကြား ခဲ့သည်။

အမေရိကန် ပြည်ထောင်စု၏ ရည်မှန်းချက် သည် အခြားသော နိုင်ငံတခုတွင် အောင်ပွဲခံနိုင်ရေး မဟုတ်ပါဟု အိုဘားမား က ဆိုသည်။ ၎င်းအနေနှင့် အောင်ပွဲ ဆိုသော စကားလုံးအား အလွန် သတိထားစွာ သုံးစွဲမည် ဖြစ်ကြောင်း၊ ထိုစကားလုံးသည် အင်ပါယာ ဘုရင်များခေတ်က စကားလုံးမျိုး ဖြစ်ပြီး အခြား နိုင်ငံတခု၏ အချုပ်အခြာ အာဏာကို လွှမ်းမိုးမည်ဟု သဘောထား သက်ရောက် နေကြောင်း သမတကြီးက ပြောကြားခဲ့သည်။

အမေရိကန် တပ်မတော်သည် ယခုစစ်ကို ဆင်နွှဲနေရာတွင် အာဖဂန်အား လွှမ်းမိုးနိုင်ရေး ရည်မှန်းချက်ဖြင့် မဟုတ်ဘဲ အယ်ကိုင်းဒါးနှင့် တာလီဘန် တို့ကို ခြေမှုန်း သုတ်သင်နိုင်ရန်သာ ကြိုးပမ်းနေခြင်း ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။ အိုဘားမားသည် ၎င်း အာဏာ ရလာသည်နှင့် အီရတ်မှ အမေရိကန်တပ်များကို ဆုတ်ခွာစေကာ အာဖဂန်တွင် အင်အား တိုးမြှင့်နိုင်ရေး စီမံကိန်းကို ချက်ချင်း ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ယခု ဖြစ်ပွားနေသော အမေရိကန်၏ စစ်ပွဲသည် အာဖဂန်ကို သိမ်းပိုက်ရန် မဟုတ်ဘဲ စစ်ဘေးသင့် နိုင်ငံအား ကယ်တင်နိုင်ရန်သာ ရည်ရွယ်ခြင်း ဖြစ်ကြောင်း အိုဘားမားက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here