မြန်မာနိုင်ငံသို့ တရားမဝင် စက်ပစ္စည်း တင်ပို့သူအား ဖမ်းဝရမ်း ထုတ်

alt

မြန်မာနိုင်ငံသို့ တရားမဝင် စက်ပစ္စည်း တမျိုး တင်ပို့သည်ဟု ယူဆရသည့် ဂျပန်နိုင်ငံသား တဦးအား ဝရမ်း အသစ် ထပ်ထုတ် ထားကြောင်း ဂျပန် ရဲတပ်ဖွဲ့က ကြေညာလိုက်သည်။

ံတိုကျိုမြို့ရှိ Toko Boeki စက်မှု လုပ်ငန်းကြီး၏ ဥက္ကဌဖြစ်သူ ရီဂျောင်ဂို သည် မြန်မာ နိုင်ငံသို့ ဒုံးကျည်များ တည်ဆောက်ရာတွင် အသုံးပြုသည့် စက်ပစ္စည်း တမျိုး တင်ပို့ခဲ့သည်ဟု ယုံကြည်ရကြောင်း တိုကျို ရဲတပ်ဖွဲ့က ဆိုသည်။

၎င်း မြန်မာနိုင်ငံသို့ တင်ပို့သည့် သေးငယ်သော ဆလင်ဒါပုံ စက်ကိရိယာလေး တခုကို ပြည်ပပို့ကုန် ဥပဒေများအရ စီစစ်ရန် တားဝရမ်း ထုတ်ထားလိုက်သည်။ အသက် (၄၁)နှစ်ရှိ မစ္စတာရီသည် ထိုပစ္စည်းကို နာဂိုယာ ဆိပ်ကမ်းမှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ (၂၀)ရက် နေ့က မြန်မာနိုင်ငံသို့ တင်ပို့ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ယင်း ပို့ကုန်အတွက် စီးပွားရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန တို့၏ ခွင့်ပြုချက် မပါရှိဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။ ထို စက်ပစ္စည်းသည် ဒုံးကျည် ထိန်းချုပ်ရေး ကိရိယာများ တည်ဆောက်ရာတွင် အသုံးဝင်ပြီး တရားဝင် တင်ပို့ခွင့် မရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here