Microsoft အမြတ်ငွေ သိသာစွာကျဆင်း

alt

ဇူလိုင်လ (၂၃)ရက်နေ့က Microsoft ကော်ပိုရေးရှင်း၏ ထုတ်ဖော် ကြေညာချက် အရ ၎င်းတို့၏ အမြတ်ငွေ ရရှိမှုနှုန်း သိသာစွာ ကျဆင်း သွားကြောင်း သိရှိရသည်။

ဇူလိုင်လ (၃၀)ရက် နေ့အထိ ရရှိသော ၀င်ငွေ ပမာဏသည် ဒေါ်လာ (၁၃.၁) ဘီလျံသာ ရှိနေခဲ့ပြီး ယမန်နှစ် ကထက် (၁၇) ရာခိုင်နှုန်း ကျဆင်း သွားခြင်း ဖြစ်သည်။ Software ထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးက ခန့်မှန်းထားသော ၀င်ငွေထက် (၃.၀၅) ဘီလျံဒေါ်လာ လျော့ကျနေကြောင်း ၀န်ခံခဲ့ပြီး ယမန် နှစ်ကထက် (၂၉) ရာခိုင်နှုန်း၊ ထိုမတိုင်မီ တနှစ်ကထက် (၂၆) ရာခိုင်နှုန်း နည်းပါး သွားခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ထို အခြေအနေသည် ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနှင့် Microsoft ၏ ထုတ်ကုန်များ ၀ယ်လိုအား လျော့လာမှုတို့ကြောင့် ဖြစ်နိုင်ကြောင်း ကော်ပိုရေးရှင်းက ဆိုသည်။ Microsoft အနေနှင့် မူလ ရည်မှန်းထားသည် ထက် ထုတ်ကုန် ရောင်းချမှုရော၊ အမြတ်ငွေ ပမာဏပါ ထိုးကျသွားခြင်းလည်း ဖြစ်သည်။

ထိုကြေညာချက်ကို ထုတ်ပြန် လိုက်ပြီးနောက် ဈေးကွက်အတွင်း Microsoft ၏ ရှယ်ယာတန်ဖိုးမှာ (၂၅.၅) ဒေါ်လာမျှသာ တန်ဖို းရှိတော့ပြီး (၈) ရာခိုင်နှုန်း အထိ ဈေးကျသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here