အမေရိကန်-အစ္စရေး ဆက်ဆံရေး ခန့်မှန်းချက် သတင်းများ ဝါရှင်တန် ငြင်းဆို

alt

အစ္စရေး အနေနှင့် အနောက်ဘက် ကမ်းခြေရှိ ပါလက်စတိုင်း နယ်မြေ များပေါ်တွင် အခြေချ နေထိုင်မှုများ ပြုလုပ်နေခြင်း အတွက် အမေရိကန်နှင့် ဆက်ဆံရေး ထိခိုက် လာနိုင်သည် ဆိုသော ခန့်မှန်း ချက်များကို ၀ါရှင်တန်ရှိ အစ္စရေး သံတမန်က ငြင်းဆန်လိုက်သည်။

ဂျေရုဆလင် မြို့တွင် အစ္စရေး လူနေအိမ် အသစ်များ ဆောက်လုပ်ကာ ရပ်ကွက်များ ထူထောင်နေခြင်းနှင့် ပတ်သက်ပြီး ၀ါရှင်တန်နှင့် သဘောထား ကွဲလွဲခြင်း မရှိပါဟု သံတမန် မိုက်ကယ်အိုရန်က ပြောကြားခဲ့သည်။

လက်ရှိ အချိန်တွင် အစ္စရေးသည် ဂျေရုဆလင်မြို့ အရှေ့ဘက်ခြမ်း ဒေသအတွင်း အိမ်ယာများနှင့် ဟိုတယ်တလုံး ဆောက်လုပ်ရန် စီမံဆောင်ရွက် လျှက်ရှိသည်။ ထိုလုပ်ငန်းသည် အစ္စရေး-အမေရိကန် ဆက်ဆံရေးတွင် တစုံတရာ ထိခိုက်မည် မဟုတ်သလို ပါလက်စတိုင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ရည်မှန်းချက် အတွက် အရှုပ်အထွေးများ ဖြစ်မလာနိုင်ကြောင်း အိုရန် က အစ္စရေး ရေဒီယိုသို့ ပြောကြားခဲ့သည်။

ဂျေရုဆလင်သည် အစ္စရေး၏ မြို့တစ်မြို့သာဖြစ်ပြီး ထိုမြို့တွင် အစ္စရေး အစိုးရ အနေနှင့် စိတ်ကြိုက် ဆောင်ရွက်ခွင့် ရှိသည်ဟုလည်း အိုရန်က ပြောကြား သွားခဲ့သည်။ ယခု ဆောင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းများသည် ပါလက်စတိုင်း နယ်မြေများသို့ ကျူးကျော်မှု ပြယုဂ် ဖြစ်သည်ဆိုသော စကားများသည် ရန်လိုခြင်းကို ဖော်ဆောင် နေခြင်းသာဖြစ်ကြောင်း အိုရန်က ဆိုသည်။

သို့သော်လည်း ဂျေရုဆလင် သည် အစ္စရေးပိုင် မြို့တစ်မြို့ ဖြစ်ကြောင်း ကမာ္ဘ့ နိုင်ငံအချို့တို့က မထောက်ခံကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here