ကရင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက် ဟုဆို

alt

မြန်မာ စစ်အစိုးရအား ဆန့်ကျင် တိုက်ခိုက် နေသည့် နောက်ထပ် ကရင်အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့ဝင် (၂၂)ဦး အလင်းဝင် ရောက်လာကြောင်း New Light of Myanmar သတင်းစာတွင် ဖော်ပြ ထားသည်။

၎င်းတို့သည် KNLA တပ်ဖွဲ့မှ ဖြစ်ပြီး မြန်မာ စစ်အစိုးရ ထံသို့ လက်နက်များ အပ်နှံ ခဲ့ကြကြောင်း သိရှိရသည်။ ၎င်းအဖွဲ့ကို ဗိုလ်ကြီး စောလေကဲ က ဦးဆောင် လာကာ တပ်မဟာ (၆)၊ KNLA တပ်ရင်း(၁၈) မှ တပ်သားများ ဖြစ်ကြောင်း သတင်းများတွင် ဖေါ်ပြထားသည်။

၎င်းတို့သည် ကရင်ပြည်နယ် အတွင်းရှိ မြန်မာ စစ်အစိုးရ တပ်များသို့ ၎င်းတို့၏ လက်နက် များကို လွှဲအပ်ခဲ့ခြင်း ဖြစ်ကြောင်း၊  တပ်ဖွဲ့ဝင် ၂၂ ဦး၊ မိသားစုဝင် ၁၅ ဦး စုစုပေါင်း ၃၇ ဦးတို့သည် လက်နက်ငယ် ရှစ်လက်၊ ခဲယမ်းမျိုးစုံနှင့် အတူ ယမန်နေ့ ဇူလိုင် ၂၂ ရက်တွင် ကရင်ပြည်နယ် သင်္ဃန်းညီနောင်ရှိ စစ်အစိုးရ တပ်စခန်းတခုသို့ လက်နက်ချခြင်း ဖြစ်သည်ဟု ဇူလိုင်လ (၂၄)ရက် ထုတ် သတင်းစာတွင် ပါရှိသည်။ KNLA တပ်သားများ နှင့်အတူ လက်နက်ငယ် များနှင့် ကျည်ဆန်များလည်း တပါတည်း ပါရှိ အပ်နှံခဲ့သည်ဟု ဆိုသည်။

သတင်းများ၏ အဆိုအရ KNLA တပ်သားများသည် ယခုနှစ် မတ်လမှ စပြီး အလင်းဝင်မှုများ ပိုမို ပြုလုပ်လာကြောင်း သိရှိရသည်။ (၁၉၈၉) ခုနှစ် နောက်ပိုင်း စစ်အစိုးရ ထံသို့ အလင်းဝင် လာသည့် ဆန့်ကျင်ရေး တပ်ဖွဲ့ အရေအတွက်သည် (၁၇)ခု အထိ ရှိနေကြောင်းလည်း သတင်းစာက ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here