အာရှ ဒေသဆိုင်ရာ လုံခြုံရေး အစည်းအဝေး အပြင်ဘက် သံသယဖြစ်ဖွယ် ဆိုင်ကယ်တွေ့ရှိ

alt

ထိုင်းနိုင်ငံ၊ ဖူးခက်တွင် ကျင်းပခဲ့သည့် အာရှဒေသ ဆိုင်ရာ လုံခြံုရေး အစည်း အဝေး အပြင်ဘက်တွင် ရပ်နား ထားသော ဆိုင်ကယ် တစင်းအား ထိုင်း ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ကယ်တွင် ဖောက်ခွဲရေး ပစ္စည်းများ ထည့်သွင်း သိုလှောင် ထားသည်ဟု ရဲများက ယူဆသဖြင့် ဇူလိုင်လ (၂၃)ရက် နေ့က ဖျက်ဆီး ပစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း စစ်ဆေးမှုများ အရ ထို ဆိုင်ကယ််တွင် မည်သည့် လက်နက်မျှ ပါမလာကြောင်း ထိုင်းစစ်ဘက်က ၀န်ခံခဲ့သည်။

အစည်းအဝေး ပြုလုပ်နေသည့် နေရာမှ ကိုက်(၃၀၀) အကွာတွင် စွန့်ပစ်ထားသော ထိုဆိုင်ကယ်အား တွေ့ရှိပြီးနောက် မသင်္ကာဖွယ် အနေအထား ရှိနေသဖြင့် ဖျက်ဆီးခဲ့ခြင်းဟု စစ်တပ်မှ ဗိုလ်ချုပ်ကနစ်ဆာပစ်ခက်က ဆိုသည်။ ထိုဆိုင်ကယ်မှာ ဘီး လေလျော့သွား သဖြင့် ပိုင်ရှင်က ထားသွားခြင်း ဖြစ်သော်လည်း ရဲများက မသင်္ကာဖြစ်ကာ စစ်ခွေးများကို အနံ့ ခံစေခဲ့သော်လည်း လက်နက် တစုံတရာ မတွေ့ရှိခဲ့ရပေ။

သို့ တိုင်အောင် မကျေနပ် နိုင်သေးသဖြင့် ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး ထိုအသံကို အစည်းအဝေး မှပင် ကြားခဲ့ရကြောင်း ဆာပီကက် က ဆိုသည်။ ထို့နောက်တွင်မူ ၎င်းတို့အနေနှင့် မှားယွင်း ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ၀န်ခံခဲ့သည်။

လက်ရှိ ကျင်းပနေသော အစည်းအဝေးတွင် နိုင်ငံပေါင်း (၃၀)ကျော်မှ နိုင်ငံခြားရေး ၀န်ကြီးများနှင့် အတူ အမေရိကန် ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ဟီလာရီ ကလင်တန် ပါ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here