ပီတာ ခရော့ချ်အား စပါးအသင်းမှ ခေါ်ယူရန်ကြိုးပမ်း

alt

တော့တင်ဟမ် ဟော့စပါး အသင်းသည် ၎င်းတို့၏ လူအင်အား ဖြည့်တင်းရေး စီမံကိန်း အတွက် အင်္ဂလန်တိုက်စစ်မှူး ပီတာခရော့ချ်ကို အရခေါ်ရန် ကြိုးပမ်း နေကြောင်း သိရှိရသည်။

ပို့မောက်စ်တွင် ကစားနေသော ခရော့ချ်သည် အသင်းပိုင်ရှင် ပြောင်းလဲ သွားပြီးနောက် ပို့စ်မောက် တွင်ပင် ဆက်နေဖွယ် ရှိကြောင်း သတင်းကြီး နေသော်လည်း တော့တင်ဟမ်က အသက် (၂၇)နှစ်ရှိ ကစားသမားအား စာချုပ် နိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

တော့တင်ဟမ် မန်နေဂျာ ဟယ်ရီရက်နပ် သည် အရပ်အမောင်း အလွန်မြင့်မားသော တိုက်စစ်မှူးအား ဖူဟမ်၊ ဆန်းဒါးလန်း တို့ထက် လက်ဦးမှု ယူကာ ခေါ်ဆောင်နိုင်မည်ဟု မျှော်လင့်နေသည်။ သတင်းများအရ ခရော့ချ်၏ ပေါက်ဈေးမှာ ပေါင်(၁၂)သန်း ၀န်းကျင်ခန့် ရှိကြောင်းလည်း သိရှိရသည်။

ထို့အပြင် တော့တင်ဟမ်သည် မန်ချက်စတာ စီးတီးမှ ကွင်းလယ်လူ မာတင်ပီထရော့ ကိုလည်း စိတ်ဝင်စားလျှက် ရှိသည်။ ပီထရော့သည် အသင်းသို့ အက်စတွန်ဗီလာမှ ဂါရတ်ဘယ်ရီ ပြောင်းရွှေ့လာပြီးနောက် နေရာပျောက်မည့် အနေအထား ကြံုနေရသူလည်း ဖြစ်သည်။

ရက်နပ်သည် ပီထရော့အား ပေါင်(၅) သန်းခန့်ဖြင့် ခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း သတင်းများက ဖော်ပြလျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here