ခြိမ်းခြောက်မှုကြောင့် ရုရှား ဖျော်ဖြေရေးပွဲသို့ သားနှစ်ဦးအား ဘရစ်တနီ ခေါ်မသွားရဲ

alt

အသက် အန္တရာယ် အတွက် ခြိမ်းခြောက်မှုများ ရှိလာပြီးနောက် သူမ၏ ရုရှားပြည်သို့ သွားရောက် ဖျော်ဖြေမည့် ခရီးစဉ်တွင် သား(၂)ဦးကို ခေါ်မသွားရန် ဘရစ်တနီ စပီးယားက ဆုံးဖြတ် လိုက်သည်။

ဘရစ်တနီသည် လက်ရှိအချိန်တွင် ဖျော်ဖြေပွဲများ အတွက် ဥရောပသို့ ရောက်ရှိနေပြီး သား(၂)ဦး ဖြစ်သော ရှောင်ပရက်စတန် နှင့် ဂျေဒန်ဂျိမ်း တို့ကို တပါတည်း ခေါ်သွားခဲ့သည်။ သူမ၏ Circus ဖျော်ဖြေပွဲကို ဥရောပ နိုင်ငံအနှံ့ တွင် သွားရောက်ပြုလုပ်ရန် စီမံထားသော ဘရစ်တနီ ထံသို့ သတ်ပစ်မည် ဟူသော အီးမေးလ်များ မကြာခဏ ရောက်လာပြီးနောက် သူမ ဘဝတွင် ပထမဆုံး ရုရှားသို့ သွားရောက်မည့် ခရီးစဉ်အတွင်း သား(၂)ယောက်အား ခေါ်မသွားရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်။

ဘရစ်တနီ သည် သား(၂)ဦးအား မိသားစုနှင့် အတူ ဗြိတိန်တွင် ထားရစ်ခဲ့ကြောင်း သိရှိရသည်။ ဘရစ်တနီသည် ဇူလိုင်လ (၂၁)ရက်နေ့က ဖျော်ဖြေပွဲ အတွက် မော်စကိုသို့ လေယာဉ်ဖြင့် ရောက်ရှိသွားပြီ ဖြစ်သည်။

Circus ဖျော်ဖြေပွဲအား စီစဉ်ခဲ့သူ တဦးက ဘရစ်တနီသည် မူလက ကလေး(၂) ယောက်ကို ခေါ်သွားရန် ကြံစည် ထားသော်လည်း ခြိမ်းခြောက်မှု များကြောင့် စိတ်ချရမည့် အရပ်တွင်သာ သား(၂) ယောက်လုံးကို ထားခဲ့ကြောင်း၊ သူမသည် အီးမေးလ် များကြောင့် အမှန်တကယ် ပူပင်ကာ စိတ်သောက ရောက်နေကြောင်း The Sun သတင်းစာသို့ ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here