အာဖဂန် အကြမ်းဖက် စစ်ပွဲတွင် ဂျာမနီစစ်တပ် အဓိက နေရာမှပါဝင်လာ

alt

အာဖဂန် နစ္စတန်ရှိ အကြမ်းဖက် သမားများကို ဦးတည် ဆင်နွှဲနေသည့် ထိုး စစ်ကြောင်းတွင် ဂျာမန်တပ်များ အဓိက နေရာမှ ပါ၀င် လာကြောင်း သိရှိရသည်။

အာဖဂန်တွင် ဆင်နွှဲနေသည့် နောက်ဆုံး စစ်ဆင်မှုကြီး များတွင် လက်နက် ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသည့် ဂျာမန် စစ်ကြောင်းများနှင့် ခေတ်မီ တင့်ကား ကြီးများပါ ၀င်ရောက် တိုက်ခိုက်ခဲ့ ဂျာမန် စစ်တပ်သည်၊  ဩဂုတ်လ အတွင်း ကျင်းပမည့် အာဖဂန် ရွေးကောက်ပွဲကို ဖျက်ဆီးရန် ကြိုးစားနေသည့် တာလီဘန် တို့အား ဂျာမန် တပ်မတော်က အပြင်းအထန် ချေမှုန်း သွားမည်ဖြစ်ကြောင်း ဂျာမနီ စစ်ဘက် အာဏာပိုင်များက ဇူလိုင်လ (၂၂)ရက် နေ့က ကတိပြု ပြောကြားသွားခဲ့သည်။

ဂျာမနီ ကာကွယ်ရေး ၀န်ကြီး ဖရန် ဂျိုဆက် ဂျွန်က အာဖဂန် လုံခြံုရေး တပ်ဖွဲ့ဝင် (၉၀၀)ကျော် တို့ကို ထောက်ပံ့ပေးရန် ဂျာမန်စစ်သည် (၃၀၀)ကျော် တို့သည် နောက်ဆုံး စစ်ပွဲများအတွင်း ပါ၀င် တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ ဂျာမန် တပ်များသည် အာဖဂန် မြောက်ပိုင်းမှ မြို့တစ်မြို့ ဖြစ်သည် ကွန်ဒက် တွင် ထိုးစစ်များ ပြုလုပ် ဆင်နွှဲခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

ဂျာမန် တပ်များသည် ကွန်ဒက်မြို့ ပတ်ဝန်းကျင်ကို ဝိုင်းပတ်ကာ ကီလိုမီတာ (၃၀)အထိ ချဉ်းကပ်ပိတ်ဆို့ ထားပြီး ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့အပြင် ဂျာမန် လေတပ်မတော် ကလည်း မြေပြင်တပ်များကို ဝင်ရောက် ကူညီရန် အနီးကပ် ပစ်ကူပေးခြင်းကို အာဖဂန်တွင် ပထမဆုံးအကြိမ် ပါ၀င် ဆင်နွှဲခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီး က ပြောဆိုသွားသည်။

လက်ရှိ အချိန်တွင် အာဖဂန်နိုင်ငံ အတွင်း စစ်ရေးတာဝန် ထမ်းဆောင်နေသည့် ဂျာမန်စစ်သည် အရေအတွက်မှာ (၃၇၀၀) ကျော်မျှ ရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here