အမေရိကန်ထံမှ လက်နက်အကူအညီ ဂျော်ဂျီယာ တောင်းခံဖွယ်ရှိ

alt

ဂျော်ဂျီယာ သမတ အနေနှင့် အမေရိကန် ဒုတိယ သမတ ဂျိုးဘိုက်ဒင် ထံမှ လက်နက် အကူအညီများ တောင်းခံ သွားဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ် ခဲ့ကြသည်။

ခေါင်းဆောင် နှစ်ဦးသည် ဇူလိုင်လ (၂၃)ရက် နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး သမတ မစ်ခေးလ် ဆာကက်ရှာဗီ သည် ရုရှား အစိုးရနှင့် ဆက်ဆံရေး တင်းမာနေမှုကို ထောက်ပြကာ ဘိုက်ဒင်ထံမှ လက်နက်များ တောင်းခံ သွားဖွယ်ရှိကာ NATO အဖွဲ့တွင် ဂျော်ဂျီယာ၏ ပါ၀င် ပတ်သက်မှု အခန်းကဏ္ဍနှင့် စပ်လျဉ်းပြီး ဘိုက်ဒင် နှင့် မစ်ခေးလ်တို့ တွေ့ဆုံ ဆွေးနွေးမှုအတွင်း အခြားသော အနောက်အုပ်စု နိုင်ငံများမှ စစ်ဘက်ဆိုင်ရာ တာဝန် ရှိသူများလည်း ပါ၀င်ကြမည် ဖြစ်သည်။

အိမ်ဖြူတော် အနေနှင့် ရုရှားနှင့် စစ်ဖြစ်ခဲ့သော ဂျော်ဂျီယာ နိုင်ငံရေးအတွက် လူသိရှင်ကြား မှတ်ချက်မျိုး ထပ်မပေးသေး သလို လက်နက် အကူအညီနှင့် ပတ်သက်ပြီးလည်း ခိုင်ခိုင်မာမာ အာမခံချက် ပေးလာဖွယ်မရှိဟု လေ့လာသူများက ဆိုသည်။ ဘိုက်ဒင်သည် အမေရိကန်က ထောက်ခံကြောင်း သက်သေပြသည့် အနေနှင့် ရုရှားက အမြင်မကြည်သော ယူကရိန်း နှင့် ဂျော်ဂျီယာ နိုင်ငံများသို့ (၄)ရက်ကြာ လာရောက်ခဲ့ခြင်း ဖြစ်သည်။

ထို နှစ်နိုင်ငံလုံးသည် အနောက်ကမာ္ဘ၏ ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနေပြီး ထိုအနေအထားကို အမေရိကန် ကလည်း ကြိုဆိုကြောင်း ကြေညာထားပြီး ဖြစ်သည်။ အမေရိကန်နှင့် ဂျော်ဂျီယာတို့မှာ ဆက်ဆံရေး ကောင်းမွန် နေသော်လည်း မော်စကိုနှင့် နားလည်မှု တိုးတက်အောင် ကြိုးစားနေသည့် အမေရိကန် အစိုးရသည် ဂျော်ဂျီယာအား လက်နက် ထောက်ပံ့ရေး ကဏ္ဍတွင်မူ အလွန်သတိကြီးစွာ ကိုင်တွယ် ရဖွယ်ရှိကြောင်း အမေရိကန်မှ ကမာ္ဘ့အရေး ကျွမ်းကျင်သူများက သုံးသပ်လျှက် ရှိပေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here