အင်ဒိုနီးရှား ရွှေတွင်း ရှိရာဒေသများတွင် ချောင်းမြောင်း တိုက်ခိုက်မှုဖြစ်

alt

အင်ဒိုနီးရှား နိုင်ငံရှိ ကမာ္ဘ့ အကြီးဆုံး ရွှေသတ္တုတွင်းများ တည်ရှိရာ ဒေသတွင် ချောင်းမြောင်း တိုက်ခိုက်မှု တခုဖြစ်ပေါ် ခဲ့ပြီးနောက် အင်ဒိုနီးရှားရှိ အမေရိကန် လုပ်ငန်းများ၏ လုံခြံုရေးမှာ အကြီး အကျယ် ခြိမ်းခြောက် ခံနေရပြီ ဖြစ်သည်။

အမေရိကန်ပိုင် ဟိုတယ်နှစ်ခု ပြီးခဲ့သော သီတင်းပါတ်က အသေခံဗုံးခွဲ တိုက်ခိုက် ခြင်း ခံခဲ့ရပြီးနောက် ဇူလိုင်လ (၂၂)ရက် နေ့က တိုက်ခိုက်မှုသည် အမေရိကန် လုပ်ငန်းများကို ဦးတည်သည့် ဒုတိယမြောက် အန္တရာယ် ပေးမှုလည်း ဖြစ်လာခဲ့သည်။

အမေရိကန် သတ္တုတူးဖော်ရေး ကုမ္မဏီ Freeport မှ ၀န်ထမ်းများ စီးနင်းလာသော ဘတ်စ်ကားများကို ရွှေတွင်းများရှိရာ ပါပူဝါ ဒေသတွင် အကြမ်းဖက် သမားများက ချုံခို တိုက်ခိုက်ခဲ့အပြီး အနည်းဆုံး လူ(၂)ဦး သေဆုံးကြောင်း မျက်မြင်များနှင့် ဒေသဆိုင်ရာ သတင်း မီဒီယာများက ဆိုသည်။

အမည်ဖော်ပြခြင်း မရှိသော ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဘတ်စ်ကားများကို ကာကွယ်ရန် လိုက်ပါလာသော ရဲကားမှာလည်း အပစ်ခတ် ခံရကြောင်း ပြောကြားခဲ့သည်။ မျက်မြင်များ၏ အဆိုအရ အလောင်းထည့် ထားသည့် အိတ်နှစ်ခုကို တာဝန် ရှိသူများက အလျှင်အမြန် ဖယ်ရှားခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုမှာ အချိန် အနည်းငယ်မျှသာ ကြာမြင့်ပြီး ဒဏ်ရာရခဲ့သူ အချို့တို့ကို နီးစပ်ရာ ဆေးခန်းများသို့ ပို့ဆောင် ပေးခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဆိုသည်။ ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲဌာနက အသေးစိတ် သတင်းမထုတ်ပြန် သေးသလို Freeport ကလည်း မှတ်ချက် တစုံတရာ မပေးသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here