အာဖဂန်ရောက် ဗြိတိန်စစ်တပ် ရဟတ်ယာဉ် မလုံလောက် ဆိုမှုအား ဂေါ်ဒွန်ဘရောင်း ငြင်းဆို

alt

အာဖဂန်နစ္စတန် စစ်ဆင်ရေးတွင် ပါ၀င် တိုက်ခိုက်နေသော ဗြိတိသျှ စစ်ကြောင်းများ အတွက် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် အလုံအလောက် မရှိဆိုသော သတင်းများကို ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း က ငြင်းဆန် လိုက်သည်။

ဘရောင်းက လက်ရှိ ထိုးစစ်တွင် ဗြိတိန်စစ်သည်များ အတွက် ရဟတ်ယာဉ် အရေအတွက် တိုးမြှင့် မပေးသဖြင့် အာဖဂန် အခြေစိုက် ဗြိတိသျှ စစ်သည်များသည် စစ်မြေပြင်သို့ သွားရောက်ရန် အမေရိကန် နှင့် အခြား မဟာမိတ် နိုင်ငံများမှ ရဟတ်ယာဉ်များကို အသုံးပြု နေရသည် ဆိုသော စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ရဟတ်ယာဉ် အစင်းရေ အလုံအလောက် ရှိကြောင်း ပြောကြားခဲ့သည်။

ယခု သတင်းများသည် လုံးဝ မှားယွင်းနေပြီး ရဟတ်ယာဉ် မလုံလောက်မှုကြောင့် မသေဆုံးသင့်ဘဲ ဗြိတိသျှ စစ်သည်များ သေဆုံး နေသည်ဆိုသော ဖော်ပြချက် များမှာလည်း မမှန်ကန်ဟု ဘရောင်းက ဆိုသည်။ သို့သော်လည်း အာဖဂန်တွင် ဗြိတိသျှ တပ်သားများ သေဆုံးမှု အရေအတွက် မြင့်တက်လာခြင်း အတွက် စိုးရိမ်မိကြောင်းကိုမူ ဘရောင်းက ၀န်ခံခဲ့သည်။

လက်ရှိ ကြံုတွေ့နေရသော စစ်ရေး အခြေအနေများသည် စိန်ခေါ်မှု ပြင်းထန်သော အနေအထားမျိုး ဖြစ်ပြီး သတိထား ကိုင်တွယ် နေရကြောင်း၊ ဗြိတိန် အစိုးရအနေနှင့် အာဖဂန်တွင် ထိုးစစ် ဆင်နွှဲနေသည့် တပ်သားများ၏ အသက်အန္တရာယ် လျော့နည်းရေး အတွက် အထူးအလေးပေး ဆောင်ရွက်နေကြောင်း ၀န်ကြီးချုပ်က ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here