ဂျိုလီ၏ အဖိုးတန်ဝတ်စုံ အခိုးခံရ

alt

အိန်ဂျယ်လီနာ ဂျိုလီ၏ အဖိုးတန် အဝတ်တစုံ အခိုးခံရသဖြင့် မင်းသမီးမှာ ထိုအတွက်ကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့ကြောင်း သိရှိရသည်။

သူမ၏ စတိုင်အကျဆုံး ၀တ်စုံတစုံဖြစ်ပြီး ဒီဇိုင်းပညာရှင် ဂျင်နီဖာရိတ်က ချုပ်လုပ် ပေးထားသော ၀တ်စုံမှာ ပြီးခဲ့သည့် သီတင်းပါတ် အတွင်း အခိုး ခံခဲ့ရသည်။ ထို ၀တ်စုံအား ဂျိုလီ၏ ရုပ်ရှင်ဖြစ်သော Salt ကို Promotion ပြုလုပ်ရာတွင် ၀တ်ဆင်ရန် ရည်ရွယ်ထားသည်။

အတွင်းသတင်း အချို့၏ အဆိုအရ ၀တ်စုံ အခိုးခံရသည်မှာ ဇူလိုင်လ (၁၆)ရက် နေ့က ဖြစ်ကြောင်း သိရှိရပြီး သူမသည် ၀တ်စုံကို ရိတ်ထံသို့ အပ်ထားစဉ် အခိုးခံရခြင်း ဖြစ်သည်။

ဂျိုလီ၏ ၀တ်စုံအပြင် အခြားသော ဗီရို(၃)လုံးစာ အဝတ်အစားများပါ အခိုးခံ လိုက်ရကြောင်းလည်း သတင်းမျာက ဖော်ပြခဲ့သည်။ နယူးယောက်ပို့စ် သတင်းစာ၏ အတင်းအဖျင်း ကဏ္ဍဖြစ်သော စာမျက်နှာ(၆)တွင် ဂျိုလီ၏ ၀တ်စုံ အခိုးခံရခြင်း သတင်းကို အသေအချာ ဖော်ပြထားသည်။

ဂျိုလီသည် မကြာသေးမီကမှ Armani ၏ ရေမွှေးအတွက် ကြော်ငြာ ရိုက်ကူးပေးရန် လက်ခံထားခဲ့ပြီး သူမ ပါ၀င်ထားသည့် Salt သည် နောက်နှစ်တွင် ထွက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here