အိုင်တီ အဖျက်လုပ်ငန်းများ အတွက် Adobe ထုတ်ကုန်များအား အသုံးပြုနေ

alt

Adobe ၏ ထုတ်ကုန် နှစ်ခုဖြစ်သော Flash နှင့် PDF တို့သည် IT အဖျက် လုပ်ငန်းများ၏ အသုံးချရာ ထောင်ချောက် တခုသဖွယ် ကူးပြောင်း လာနေကြောင်း သိရှိရသည်။

အင်တာနက် လုံခြံုရေး ကုမ္မဏီ တခုဖြစ်သည့် Symantec ၏ အဆိုအရ နာမည်ကျော် ၀ဘ်ဆိုဒ်များ အပါအဝင် ကမာ္ဘပေါ်ရှိ ၀ဘ်ဆိုဒ် အတော် များများသည် Flash ကို အသုံးပြုနေသဖြင့် Hacker များက Flash ၏ Download Link များမှတဆင့် အဖျက် Software များကို ရောနှော ထည့်သွင်း ပေးလိုက်ကြောင်း Symantec က ဆိုသည်။

ထို့အပြင် PDF ဖြင့် Download လုပ်ခွင့် ပေးထားသည့် File များသည်လည်း Trojan များ ထည့်ပေးရန် အကောင်းဆုံး ရင်းမြစ်များ အသွင်ဆောင် လာနေကြောင်း Symantec က သတိပေးခဲ့သည်။ ထို အခြေအနေသည် IT လောက လုံခြံုရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှု တခု ဖြစ်လာပြီး ယခုအခါ PC ကွန်ပျူတာများ ပျက်စီး ဆုံးရှုံးမှုကို မြင့်တက်လာစေဖွယ် ရှိနေသည်။

၀ဘ်ဆိုဒ် လုံခြံုရေး ၀န်ဆောင်မှုအဖွဲ့ Purewire မှ သုတေသီ ပေါရိုင်ရယ် ကလည်း Adobe Reader၊ Acrobat 9.1.2 နှင့် Adobe ၏ Flash Player Version 9၊ 10 တို့တွင် Hacker များက ထောင်ချောက်ဆင်မှု အများဆုံး ပြုလုပ်နေကြောင်း ထောက်ပြခဲ့သည်။ ထိုဖြစ်ရပ်များ အတွက် လုံခြံုရေး ပညာရှင်များ ပူးပေါင်းဆောင်ရွက်ကာ လေ့လာမှုများ ပြုလုပ်နေကြောင်း ရိုင်ရယ် က ဆိုသည်။

Adobe ကလည်း ၎င်းတို့၏ ထုတ်ကုန်များကို အသုံးချသူများ အနေနှင့် IT လုံခြံုရေး ခြိမ်းခြောက်ခြင်း ခံနေရသည်ကို ကာကွယ်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အစောပိုင်း ကတည်းက ကတိပေးထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here