အတွင်းခံများ လိုက်ခိုးသည့် သူခိုးအား ဂျာမန် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

alt

ဂျာမန် ရဲများသည် အတွင်းခံ အဝတ်အထည် များကိုမှ တသီးတသန့် လိုက်ခိုးနေသူ တဦးအား ဖော်ထုတ် ဖမ်းဆီးလိုက်နိုင်ကြောင်း သိရှိရသည်။

အသက် (၄၆)နှစ်ရှိ အဆိုပါ လူထူးဆန်း သူခိုးသည် ၎င်း၏ သက်တမ်း တလျှောက် အတွင်းခံ ဘောင်းဘီ (၁၀၀၀)ကျော် နှင့် ရေကူးဝတ်စုံ (၁၀၀)ကျော် တို့ကို ခိုးယူခဲ့ပြီး ဖြစ်သည်။

ထိုသူသည် ယင်း၏ ခိုးရာပါ ပစ္စည်းများကို သတ်သတ်မှတ်မှတ် စုဆောင်း ထားကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။ နိုင်ငံ အနောက်ဘက်ရှိ ဂလန်ဟော်ဆန် မြို့တွင် ဖမ်းဆီးရမိသည့် ထိုသူ၏ အိပ်ခန်းတွင် အတွင်းခံ အဝတ်အထည် အမြောက်အမြားကို ရဲများက ရှာဖွေ တွေ့ရှိခဲ့သည်။

၎င်းသည် ဇူလိုင်လ (၁၉)ရက် နေ့က အားကစားရုံ တခုမှ အတွင်းခံဘောင်းဘီ (၃)ထည်ကို ခိုးယူလာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ထို အဝတ်အထည်များ အားလုံးကို သူခိုးက အကျအန လျှော်ဖွတ်ပြီး သပ်သပ်ရပ်ရပ် သိမ်းဆည်းထားကြောင်း ရဲများက ဆိုသည်။

ယခုအခါ ရဲများက ထိုသူသည် အတွင်းခံ အဝတ်အစားများကို မည်သည့်နေရာမှ ခိုးယူလာကြောင်း စစ်ဆေး မေးမြန်းနေဆဲ ဖြစ်ပြီး ၎င်း၏ ထူးထူးဆန်းဆန်း ခိုးချင် စိတ်ကိုလည်း စမ်းသပ် စုံစမ်းနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here