တာလီဘန် အကြီးအကဲ ပုန်အောင်း နေဖွယ်ရှိသည့် စခန်းများအား ပါကစ္စတန် တိုက်ခိုက်

alt

တာလီဘန် တပ်များ၏ အဓိက အကြီးအကဲ တဦးဖြစ်သူ ဘတ်တူလာ မာဆက် ခိုအောင်း နေမည်ဟု ယူဆ ရသော စစ်အခြေစိုက် စခန်းများကို ပါကစ္စတန် လေ တပ်မတော်မှ

တိုက်လေယာဉ် များက ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်သွေးကြွ (၄)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

ဇူလိုင်လ (၂၂)ရက် နေ့က ပါကစ္စတန် လေ တပ်မတော်သည် နိုင်ငံ အနောက် မြောက်ပိုင်းရှိ အာဖဂန်နစ္စတန် နှင့် နယ်စပ်ဒေသတွင် တည်ရှိသော ဆာဝါကိုင် နှင့် တောင်ပိုင်း ၀ါဇီရစ်စတန် တို့ကို (၂)နေရာခွဲပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့၏ ဂျက်တိုက် လေယာဉ်များသည် စစ်စခန်း (၂)ခုကို ဖျက်ဆီး ပစ်လိုက်နိုင်သလို စစ်သွေးကြွ (၄)ဦးကို သုတ်သင် နိုင်ခဲ့ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ သို့သော်လည်း သေဆုံး သူများထဲတွင် မာဆက် ပါ၀င်ခြင်း မရှိကြောင်း သိရသည်။

၎င်းသည် ပါကစ္စတန် အစိုးရ၏ အလိုအရှိဆုံး တာလီလန် စစ်ခေါင်ေးဆာင် တဦးလည်း ဖြစ်သည်။ ပါကစ္စတန် နိုင်ငံသို့ တာလီဘန်များ ထိုးဖောက် ၀င်ရောက်လာမှုကို ကာကွယ်နိုင်ရန် တန်ပြန် ထိုးစစ်များ ဆက်လက် ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပါကစ္စတန် အစိုးရက အတည်ပြုခဲ့သည်။

ယခုအခါ မာဆက်သည် တောင်ပိုင်း ၀ါဇီရစ်စတန် အနီးရှိ အဓိကမြို့ တမြို့ဖြစ်သော ၀ါနာမြို့အနီး ခိုအောင်း နေမည်ကို အာဏာပိုင်များက စိုးရိမ်လျှက်ရှိသည်။ ထိုနေရာသည် ပါကစ္စတန် အနောက်မြောက်ပိုင်း တာလီဘန် ဩဇာ သက်ရောက်ရာ နယ်မြေများသို့ ဆက်သွယ်ထားသော အဝေးပြေး ကားလမ်းများနှင့် ဆက်စပ်လျှက် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here