Circumcision ပြုလုပ်ထားသူများ လိင် ဆက်ဆံဖက်ကို ပိုမို ကျေနပ်စေနိုင် ဟုဆို

alt

လိင်တံ ထိပ်အရေပြားကို လှီးဖြတ်မှု (circumcision) ပြုလုပ် ထားသည့် အမျိုးသား များသည် ၎င်းတို့၏ လိင် ဆက်ဆံဖက် အမျိုးသမီး များအား ပိုမိုနှစ်သိမ့် ကျေနပ်မှု ပေးနိုင်ကြောင်း စစ်တမ်းများက ဖော်ပြနေသည်။

ယူဂန္ဓာ နိုင်ငံရှိ အမျိုးသမီး (၄၅၅)ဦးကို သဘောထား ကောက်ခံခဲ့သော စစ်တမ်း များအရ လိင်တံ အရေပြား လှီးဖြတ် ထားသည့် ယောက်ျားများသည် ပိုမို ကောင်းမွန်သော အာရုံခံစားမှုကို ပေးစွမ်းနိုင်ကြောင်း အမျိုးသမီး ဦးရေ၏ (၄၀) ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး (၅၇) ရာခိုင်နှုန်း ကမူ ဘာမှ မထူးခြားဟု ပြောကြားခဲ့သည်။

(၃) ရာခိုင်နှုန်း ကမူ ထိုသို့ လုပ်လိုက်ပါက စွမ်းဆောင်ရည် ကျဆင်းသွားသည်ဟု ယုံကြည်နေသည်။ အဆိုပါ (၃) ရာခိုင်နှုန်းက လိင်တံအရေပြား လှီးဖြတ် ထားသူများသည် သမားရိုးကျ အဖော်များထက် ညံ့ဖျင်းသွားကြောင်း ယူဆနေကြသည်။

ယူဂန္ဓာနိုင်ငံ၊ ကာလီဆီဇိုမြို့ရှိ ရာခိုင် ကျန်းမာရေးသိပ္ပံမှ MD ဖြစ်သူ ဂေါ့ဖရေးကီဂိုဇီက ယခုစစ်တမ်းကို ကောက်ခံခဲ့သည့် အဓိက ရည်ရွယ်ချက်မှာ လိင်တံ အရေပြား လှီးဖြတ်ခြင်းနှင့် HIV ရောဂါပိုး ဆက်စပ်မှုကို လေ့လာရန်ဖြစ်ပြီး နောက်ပိုင်းမှ အမျိုးသမီးများ၏ စိတ်ဆန္ဒနှင့် ပတ်သက်ပြီး မေးမြန်းရန် စိတ်ကူးရလာကြောင်း ၀န်ခံခဲ့သည်။

ထို့အပြင် အမျိုးသမီးများ၏ ရာခိုင်နှုန်း အတော်များများက လိင်တံ အရေပြား လှီးဖြတ်ထားပါက ပိုမို အစွမ်းထက်ကြောင်း ယူဆနေသည့်တိုင် အမျိုးသမီးထု အများစု ကမူ ထိုကိစ္စသည် သိပ်အရေးမကြီးဟု သတ်မှတ်ထားကြောင်း ပြောဆိုသွားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here