ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဂျကာတာ အခြေအနေ ပြန်လည် တည်ငြိမ်လာ

alt

အမေရိကန်ပိုင် အဆင့်မြင့် ဇိမ်ခံဟိုတယ် နှစ်ခုတွင် အသေခံ ဗုံးခွဲမှုများ ကြံုတွေ့ ပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တော် အခြေအနေသည် ဇူလိုင်လ (၂၁)ရက် နေ့မှစပြီး ပုံမှန် လည်ပတ်နေပြီ ဖြစ်သည်။

ဇူလိုင်လ (၁၇)ရက် နေ့က ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုများသည် မလေးရှားမှ ဝင်ရောက် လာသော အစွန်းရောက် အစ္စလမ် အကြမ်းဖက် သမားများ၏ လုပ်ရပ်ဟု ယူဆနေပြီး ၎င်းတို့သည် ဇူလိုင်လ အစောပိုင်းက ငြိမ်းချမ်းစွာ ကျင်းပ ပြီးစီးခဲ့သော အင်ဒိုနီးရှား ရွေးကောက်ပွဲများကို ဆန့်ကျင်ကာ ယခု လုပ်ရပ်ကို ဖန်တီးခဲ့ကြခြင်းဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယုံကြည်နေသည်။

ဗုံး ပေါက်ကွဲမှုများကြောင့် ဂျကာတာတွင် (၂)ရက် တာမျှ ကျီးလန့်စာစား ခြောက်ကပ် သွားခဲ့သော်လည်း ဇူလိုင်လ (၂၁)ရက် နေ့မှ အစပြုပြီး လမ်းများပေါ်တွင် လူများ၊ ကားများ ဥဒဟို သွားလာကာ ပြန်လည် စည်ကားနေပြီ ဖြစ်သည်။

(၂၀)ရက် နေ့က မြို့သူမြို့သား များသည် ဗုံးခွဲခံရသော ဟိုတယ် နေရာများတွင် စုရုံးကာ အမှတ်တရ ပန်းစည်းများ လာချခဲ့ကြကြောင်း မျက်မြင်များက ဆိုသည်။ ယခု လောလောဆယ်တွင် ဂျကာတာ၏ အခြေအနေသည် ပြန်လည် တည်ငြိမ်လာသော်လည်း အင်ဒိုနီးရှား အစိုးရက လုံခြံုရေး ရှုထောင့်အရ အားနည်းချက်များ ရှိနေသေးကြောင်း ဝန်ခံထားသည်။

ဗုံးကွဲမှုများ အတွက် ရဲတပ်ဖွဲ့က အပြင်းအထန် စုံစမ်းနေသော်လည်း အသေခံ ဗုံးသမားများကို စေလွှတ်သည့် အဖွဲ့အစည်းကို မသိရှိရသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here