အထူးသံတမန် ဖြစ်သွားတဲ့ ဟီလာရီဒပ်

alt

အမေရိကန် မင်းသမီးလေး ဟီလာရီဒပ် သည် ကိုလံဘီယာ နိုင်ငံသို့ အထူး သံတမန်တဦး အနေနှင့် လာရောက် လည်ပတ်ရန် ဖိတ်ကြားခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ဟီလာရီအား ကလေးများနှင့် လူငယ်ထု အတွက် ကိုယ်စားပြု သံတမန် အနေနှင့် မြို့တော် ဘိုဂိုတာသို့ လာရောက်ပါရန် မိမိတို့၏ ကမ်းလှမ်းမှုကို အသက် (၂၁)နှစ်အရွယ် အဆိုတော်၊ မင်းသမီး လေးက လက်ခံခဲ့ကြောင်း မြို့တော်ဝန် ဆင်မြူရယ် မိုရေနိုက ပြောကြားခဲ့သည်။

ဟီလာရီ၏ ခရီးစဉ်သည် နောက်လ အတွင်း ဖြစ်သော်လည်း ရက် အတိအကျ မသတ်မှတ် ရသေးဟုလည်း မိုရေနို ကဆိုသည်။ မည်သို့ပင် ဖြစ်စေ ဟီလာရီ ကဲ့သို့ ကမာ္ဘကျော် အနုပညာသည် တစ်ဦးကို ဖိတ်ကြားဂုဏ်ပြုခွင့် ရရှိခြင်း အတွက် အကြီးအကျယ် ကျေနပ်မိကြောင်း မိုရေနိုက ပြောကြားခဲ့သည်။

ဟီလာရီသည် ဘိုဂိုတာတွင် ရောက်ရှိနေစဉ် စာသင်ကျောင်းများသို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး လူငယ်အသင်းအဖွဲ့ NGO များသို့လည်း လည်ပတ် လေ့လာသွားမည် ဖြစ်သည်။ ဟီလာရီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ထိုသတင်းများကို အတည်ပြုခဲ့ပြီး မင်းသမီးသည် ခရီးစဉ်အတွက် ရင်ခုန် ပျော်ရွှင်နေကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here