၂၁ရာစု အကြာဆုံး နေကြတ်မှု ဖြစ်စဉ် အာရှတိုက်သား သန်းနှင့်ချီ၍ မြင်တွေ့ခွင့်ရ

alt

ဇူလိုင်လ (၂၂)ရက် နေ့က ပေါ်ပေါက် ခဲ့သော အပြည့်အဝ နေကြတ်မှု ဖြစ်စဉ် အား အာရှနိုင်ငံ အတော်များများ က တွေ့မြင်လိုက်သူ သန်းနှင့်ချီပြီး ရှိကြောင်း သိရသည်။

ယခု ကြံုရသော နေအပြည့် ကြတ်ခြင်း သည် ရာစုနှစ် အတွင်း အချိန် အကြာမြင့်ဆုံး ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုဖြစ်ပြီး အာရှအရှေ့ပိုင်း ဒေသအချို့ တို့တွင် နေ့ခင်းကြောင်တောင် အမှောင် ဖုံးလွှမ်းသွားခဲ့သည်။

နေကြတ်မှုအား စောင့်ကြည့်ကြရင်း အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဘာသာဝင် တို့သည် ဂန်ဂျက်မြစ် အတွင်း ၎င်းတို့၏ အပြစ်များကို ဆေးကြော သန့်စင်ကြရာမှ လူ အလွန်များပြား ထူထပ်သဖြင့် အသက် (၆၅)နှစ် အရွယ် အမျိုးသမီးတဦး လူပိ သေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့သည်။ ၎င်းတို့သည် အမှောင် အတိကျသည့် နေကြတ်ခြင်း ဖြစ်စဉ်အား (၃)မိနစ်နှင့် (၄၈)စက္ကန့်ကြာ မြင်တွေ့ခဲ့ကြောင်း ဒေသခံ တဦးက ဆိုသည်။

တရုတ် နိုင်ငံတွင်လည်း နေအပြည့် ကြတ်ခြင်းကို တွေ့မြင် ခဲ့ကြရသလို ဂျပန်ကျွန်းများ မှလည်း မြင်ခွင့် ရရှိခဲ့သည်။ ယခု နေကြတ်ခြင်းသည် (၁၉၉၁)ခုနှစ်၊ ဇူလိုင်လ (၁၁)ရက် နေ့က (၆)မိနစ်နှင့် (၅၃) စက္ကန့်ကြာအောင် ဖြစ်ပေါ်ခဲ့သည့် နေအပြည့် ကြတ်မှုကို ဟာဝိုင်အ ီနှင့် တောင်အမေရိက ဒေသများက တွေ့မြင် ခဲ့ရပြီးနောက် အကြာဆုံး နေအပြည့် ကြတ်ခြင်းလည်း ဖြစ်လာခဲ့သည်။

ပညာရှင်များက ထိုမျှကြာသော နေအပြည့် ကြတ်မှု နောက်တကြိမ် တွေ့မြင်ရေးမှာ (၂၁၃၂) ခုနှစ်ထိ စောင့်ရဖွယ် ရှိသည်ဟု ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံတွင်လည်း အလယ်ပိုင်း နှင့် မြောက်ဘက်ပိုင်း ဒေသအချို့တို့က တိမ်ထူပြီး မိုးရွာမှုများ ရှိနေသည့်တိုင် နေအပြည့် ကြတ်ခြင်းကို မြင်တွေ့ခဲ့ရသူ အများအပြား ရှိခဲ့ကြသည်။

ထို့အပြင် အာရှ တောင်ပိုင်းရှိ နီပေါ၊ ဘူတန်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံများမှလည်း တွေ့မြင်ခဲ့ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here