အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေး

alt

အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အနေနှင့် ဒေသတွင်း လူ့ အခွင့်အရေး တိုးတက်မှု အတွက် ကော်မရှင် တခု ဖွဲ့စည်းထားမှု အတွက် ဝေဖန်နေခြင်း များအား ကာကွယ် လိုက်သည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ၀န်ကြီးများ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် ယခုအဖွဲ့၏ လုပ်ငန်းများ အပေါ် အပြည့်အဝ ယုံကြည်ကြောင်း ဖော်ပြခဲ့သည်။ ဇူလိုင်လ (၂၀)ရက် နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်တွင် ပြုလုပ် ကျင်းပခဲ့သည့် ထိပ်သီး ဆွေးနွေးပွဲအတွင်း အာဆီယံ လူ့အခွင့်အရေး အတွက် ကျေနပ်စရာ အခြေအနေများ ရှိနေသည့်တိုင် အဖွဲ့ဝင် နိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပါကလည်း အာဆီယံအဖွဲ့က အပြစ်ပေးနိုင်ခြင်း၊ ပိတ်ဆို့ တားဆီးနိုင်ခြင်း စသည့် အခွင့်အာဏာမျာ မရှိကြောင်းလည်း ၀န်ခံခဲ့သည်။

ထို ပြဿနာသည် စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ နှင့် အဓိက ပတ်သက် အကြံုးဝင်နေကြောင်း နိုင်ငံတကာ လေ့လာသူများက သုံးသပ်ခဲ့သည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့၏ အဓိက နာမည် ပျက်စာရင်းဝင် နိုင်ငံတခုဖြစ်ပြီး လူ့အခွင့်အရေး အဆုံးရှုံးဆုံး နိုင်ငံများ စာရင်းတွင် ထိပ်ဆုံးနားမှ ပါ၀င်နေသည်။

သို့သော်လည်း အာဆီယံ အဖွဲ့အနေနှင့် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး တစုံတရာ အရေးယူ ဆောင်ရွက်နိုင်ခွင့် မရှိသည့်အတွက် ဝေဖန်ခံနေရခြင်း ဖြစ်သည်။ ထိုအခြေအနေ အတွက် အာဆီယံက ကာကွယ် ပြောဆိုခဲ့ပြီး ဇူလိုင်လ (၂၀)ရက်နေ့ အစည်းအဝေးက အာဆီယံ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေများသည် ကျေနပ်စရာတွင် ရှိနေဆဲဟု ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here