အာဆင်နယ် ကွင်းလယ် ကစားသမား ခြေထောက်ကျိုး ဒဏ်ရာရ

alt

ရာသီကြို လေ့ကျင့်ရေး အစီအစဉ်အဖြစ် ဩစတြီးယားသို့ ရောက်ရှိနေသည့် အာဆင်နယ် အသင်းအတွက် အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်သည့်

ဆမ်မီနာဆရီ ခြေထောက် ကျိုးသွားခြင်းက အသင်းအတွက် ပြင်းထန်သော ထိုးနှက်မှုကြီး ဖြစ်ပေါ် လာစေခဲ့သည်။

ငွေကြေး အခက်အခဲကြောင့် ကစားသမား ၀ယ်ယူမှုတွင် အားနည်းနေသည့် အာဆင်နယ်အဖို့ ကွင်းလယ်တွင် ခြေစွမ်း ပြနိုင်သည့် အသက် (၂၂)နှစ် အရွယ် နာဆရီအား (၂)လ (၃)လမျှ လက်လွှတ်ခံရမည့် ကိစ္စသည် ပရီးမီးယားလိဂ် ပြိုင်ပွဲများ စတင်ချိန်တွင် အခက်ကြံုလာဖွယ် ရှိနေသည်။

အာဆင်နယ်၏ ၀ဘ်ဆိုဒ်တွင် ဇူလိုင်လ (၂၁)ရက် နေ့က နာဆရီ ညာဘက် ခြေထောက် ကျိုးသွားကြောင်း ဖော်ပြထားပြီး အခြားသတင်းများက ကစားဖော် အဘူဒီယာဘီ နှင့် ထိခိုက်ခဲ့သဖြင့် ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာ ရသွားခြင်း ဖြစ်ကြောင်း ရေးသားခဲ့ကြသည်။

နာဆရီအား အနီးဆုံး ဆေးခန်းသို့ တင်ပို့ပေးခဲ့ပြီးနောက် ဘောလုံးကစားနိုင်ရန် အချိန်ယူ ရမည်ဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ ထိုနေ့ညက အာဆင်နယ်သည် နာဆရီ မပါသော်လည်း ဗီယန်နာမြို့တွင် အက်စ်စီ ကိုလံဘီယာနှင့် ခြေစမ်းခဲ့ရာ (၇-၁)ဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here