ဘန်ဇီးမား ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ကြောင်း မန်ယူနည်းပြ ပြောကြား

alt

မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ၎င်းတို့ အသင်းသည် ကီရမ်ဘန်ဇီးမား ကို ခေါ်ယူရန် အမှန်တကယ် ကြိုးပမ်း ခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

အသက် (၂၁)နှစ်ရှိ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးသည် အိုလံပစ် လိုင်ယွန်မှ စပိန်ထိပ်သီး ရီးရဲလ် မက်ဒရစ်သို့ ယခု အပြောင်းအရွှေ့ ကာလအတွင်း ပြောင်းရွှေ့ သွားခဲ့သည်။ ၎င်းတို့အနေနှင့် ဘန်ဇီးမား အား အလွန်လိုချင် ခဲ့သော်လည်း လိုင်ယွန်က ဈေးမလျှော့ သဖြင့် အခက် တွေ့နေစဉ် ရီးရဲလ်က ခေါ်ယူ သွားခဲ့ခြင်းဟု ဖာဂူဆန်က ဝန်ခံခဲ့သည်။

ခရစ်စတီယာနို ရော်နာဒို နှင့် ကားလို့စ် တီဗက်စ်တို့ အသင်းမှ ထွက်ခွာ သွားပြီးနောက် အလိုချင်ဆုံး ရှေ့တန်း လူုမှာ ဘန်ဇီးမား ဖြစ်သော်လည်း လက်လွတ် ခံခဲ့ရသည့် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဖာဂူဆန်က ပြောကြား သွားသည်။

ဘန်ဇီးမား သည် ဇူလိုင်လ (၂၀)ရက်နေ့က အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် ရှမ်းလော့ရိုဗား နှင့် ခြေစမ်းကစားသည့် ပွဲစဉ်အတွင်း ရီးရဲလ် အတွက် ပွဲဦးထွက် ပါ၀င်ခဲ့သလို တလုံးတည်းသော အနိုင်ဂိုးကိုလည်း သွင်းယူ ပေးခဲ့သည်။ ထို့အပြင် ဖာဂူဆန်က ဘေယန်မြူးနစ်မှ ကွင်းလယ်လူ ဖရန့်ရစ်ဘာရီ အား စိတ်ဝင် စားခဲ့သေးသော်လည်း ခေါ် ဈေးမှာ မတန်တဆ မြင့်မားလွန်းသည့် အတွက် လက်လျှော့ခဲ့ကြောင်း ဖြည့်စွက် ပြောဆိုခဲ့သည်။

ယခု အချိန်တွင် အသင်းအနေနှင့် ပြောင်းရွှေ့ကြေး အမြောက်အမြား မသုံးစွဲထားသော်လည်း အသစ် ခေါ်ယူထားသည့် အန်တိုနီယို ဗလန်စီယာ၊ မိုက်ကယ်အိုဝင် နှင့် ဂါဘရီရယ် အိုဘာတန်း တို့သည်လည်း လက်ရှိအင်္ဂလန် ချန်ပီယံအတွက် အကောင်းဆုံး ပေးဆပ်နိုင်မည်ဟု မိမ ိယုံကြည်ကြောင်း ဖာဂူဆန်က ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here